ပဲရစ်မြို့ ဒစ္စနေလဲန်းမှာ သေနတ်ကိုင်တစ်ဦး ဖမ်းမိ

  • 28 ဇန်နဝါရီ 2016
disneyland_paris
Image caption အမျိုးသမီး အဖော်ကို ရဲတွေ ဆက်လက် ရှာဖွေ နေ။

ပဲရစ် မြို့တော် မှာ ရှိတဲ့ ဒစ္စနေ လဲန်း အပန်းဖြေ ဥယျာဉ် မှာ လက်နက်ကိုင်ဆောင် ထားသူ တစ်ဦးကို ပြင်သစ် ရဲတွေ ဖမ်းဆီး ခဲ့ပါတယ်။

အဲဒီလူမှာ သေနတ် ၂ လက် ပါလာပြီး လက်ဆွဲ သေတ္တာ ထဲမှာလည်း ကျည်ဆံ တစ်ဗူး နဲ့ အစ္စလာမ် ဘာသာရေး ကျမ်းစာ ကိုရ်အန် တစ်အုပ် တွေ့ရတယ် လို့ ဆိုပါတယ်။

ဒစ္စနေ လဲန်း ဟိုတယ် အဝင် လုံခြုံရေး အရ ရှာဖွေ စစ်ဆေးတဲ့ နေရာမှာ လက်နက် တွေ ပါလာတာ ကို သိရှိ ခဲ့ရတာ ဖြစ်ပါတယ်။

ထွက်ပေါ် နေတဲ့ သတင်းတွေ အရ အဲဒီသူဟာ အသက် ၂၈ နှစ် အရွယ် ဥရောပ တိုက်သား ဖြစ်တယ် လို့ ဆိုပါတယ်။

အဲဒီသူ ရဲ့ အမျိုးသမီး အဖော်ကို ရဲတွေ ဆက်လက် ရှာဖွေ နေကြဆဲ ဖြစ်ပါတယ်။

ပဲရစ် ဒစ္စနေ လဲန်း ဟာ ဥရောပ တခွင် ခရီးသည် တွေ အလာအများဆုံး နေရာထဲ ပါဝင် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ