ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄ သန်းအထိ ရှိနိုင်

  • 28 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် AP
Image caption အန္တရာယ်က ထိတ်လန့်ဖွယ် အနေအထားကို ရောက်လာပြီလို့ WHO ညွှန်ချုပ် ဒေါက်တာ မာဂရက် ချန်းက ပြော။

ကူးစက် ပျံ့ပွားနှုန်း အလွန် မြန်ဆန်နေတဲ့ ဇီကာ ဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး WHO က ဇီကာ အရေးပေါ် အဖွဲ့ကို ဖွဲ့စည်း လိုက်ပါတယ်။

လူအများစုမှာ ရောဂါလက္ခဏာ မပြသည့်တိုင် တောင်နဲ့ မြောက် အမေရိကတိုက် ၂ တိုက်က လူပေါင်း ၃ သန်း ကနေ ၄ သန်းအထိ ကူးစက် ခံရနိုင်တယ်လို့ WHO က မျှော်မှန်း ထားပါတယ်။

ဇီကာ ဗိုင်းရပ်စ်ရဲ့ အန္တရာယ်က အလယ်အလတ် အဆင့်ကနေ ထိတ်လန့်ဖွယ် အချိုးအစား အထိ ရောက်ရှိ ခဲ့ပြီလို့ WHO ညွှန်ကြားရေး မှူးချုပ် ဒေါက်တာ မာဂရက် ချန်း က ပြောပါတယ်။

ဇီကာ အရေးပေါ် အဖွဲ့ဟာ တနင်္လာနေ့မှာ အစည်းအဝေး ထိုင်ပြီး ဒီဗိုင်းရပ်စ်ကို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အရေးပေါ် ကိုင်တွယ်သင့် မသင့် ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

နိုင်ငံတကာ အရေးပေါ် အခြေအနေ ကြေညာ ခဲ့ရတဲ့ နောက်ဆုံး အချိန်ကတော့ အနောက် အာဖရိကမှာ လူပေါင်း ၁ သောင်း ၁ ထောင်ကျော် သေဆုံး ခဲ့ရတဲ့ အီဘိုလာ ဗိုင်းရပ်စ် ကူးစက် ခဲ့ချိန်က ဖြစ်ပါတယ်။

ဇီကာ ဗိုင်းရပ်စ်ကို ၁၉၄၇ ခုနှစ်က ယူဂန်ဒါ နိုင်ငံမှာ ပထမဆုံး တွေ့ရှိခဲ့ပေမယ့် အဲဒီ အချိန်က အခုလို ကူးစက် ပျံ့ပွားမှု မရှိခဲ့ပါဘူး။

၂၀၁၅ မေလမှာတော့ တောင်အမေရိက တိုက်က ဘရာဇီး နိုင်ငံမှာ စတင် တွေ့ရှိခဲ့ပြီး အခုလို ကူစက် ပျံ့ပွား လာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ