တရုတ် မိုင်းလုပ်သားတွေကို ၃၆ရက်အကြာမှာ ကယ်နိုင်

  • 29 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် CCTVNEWS
Image caption မိုင်းလုပ်သား တစ်ဦးကို စတင် ကယ်ထုတ်ပုံကို စီစီတီဗီ သတင်းဌာနမှာ ပြသခဲ့။

တရုတ် နိုင်ငံမှာ ပြိုကျသွားတဲ့ မိုင်းတွင်း တစ်ခုအတွင်း ၃၆ ရက်ကြာအောင် အသက်ရှင်လျက် ပိတ်မိနေတဲ့ မိုင်းလုပ်သား ၄ ဦးကို ကယ်ထုတ် နိုင်ခဲ့ပြီလို့ တရုတ် နိုင်ငံပိုင် သတင်းဌာနက ပြောပါတယ်။

ရှန်ဒေါင်း ပြည်နယ် အရှေ့ပိုင်းက မြေဖြူမိုင်းမှာ ပိတ်မိ နေသူတွေကို ဘေးလွတ်ရာကို ပို့ဆောင် နိုင်ခဲ့တာ ဖြစ်ပါတယ်။

မြေပြင်ပေါ် ဆွဲတင် လိုက်နိုင်တဲ့ မိုင်းလုပ်သားတွေကို ဆေးရုံကို ခေါ်သွားတဲ့ စိတ်လှုပ်ရှားဖွယ် မြင်ကွင်းကို တရုတ်ပိုင် စီစီတီဗီ သတင်းဌာနက ဖော်ပြ သွားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာက ပြိုကျခဲ့တဲ့ အဲဒီ မိုင်းတွင်းမှာ လူ ၁၇ ယောက် ပိတ်မိခဲ့ပြီး သူတို့ အထဲကမှ အသက်ရှင် နေသေးသူ ၄ ဦးကိုသာ တွေ့ခဲ့တာပါ။

သူတို့တွေ အထဲက ၁ ယောက်ကိုတော့ သေဆုံးကြောင်း အတည်ပြု ကြေညာခဲ့ပြီး ကျန်သူတွေရဲ့ အခြေအနေကိုတော့ မသိရ သေးပါဘူး။

ကယ်ဆယ်ရေး သမားတွေက အသက်ရှင် နေသူတွေ ရှိတဲ့ နေရာအထိ သီတင်းပတ် အတော်ကြာကြာ ဥမင် တူးပြီး၊ ရေနဲ့ အဖျော်ရည်တွေကို ခက်ခက်ခဲခဲ ထောက်ပံ့ ပေးနေခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ