ဆီးရီးယားအရေး ဆွေးနွေးပွဲ မသေချာမှုတွေနဲ့ စဖွင့်မယ်

  • 29 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption အလက်ပို မြို့လို ဆီးရီးယား မြို့ကြီးတွေ အားလုံး စစ်ဒဏ်ကြောင့် ပျက်စီးနေ။

ဂျီနီဗာ မြို့မှာ ပြုလုပ်မယ့် ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စတင်ဖို့ နာရီပိုင်းသာ လိုတော့တဲ့ အချိန်အထိ ဆီးရီးယား အတိုက်အခံ အဖွဲ့တွေ တက်ရောက်မလား ဆိုတာ မသေချာ သေးပါဘူး။

ဆီးရီးယား အတိုက်အခံ ခေါင်းဆောင်တွေ ကတော့ အရပ်သားတွေ အပေါ် ဗုံးကြဲ တိုက်ခိုက်တာတွေ ရပ်မယ် ဆိုမှ ဆွေးနွေးမှု တွေမှာ ပါဝင်မယ်လို့ ပြောထား ပါတယ်။

ကုလ သမဂ္ဂ ကိုယ်စားလှယ် Staffan de Mistura ကတော့ ဂျီနီဗာကို ရောက်နေပြီ ဖြစ်တဲ့ ဆီးရီးယား အစိုးရ ကိုယ်စားလှယ်တွေနဲ့ စတင်ပြီး ဆွေးနွေးပွဲကို ဖွင့်လို့ ရတယ်လို့ ပြောပါတယ်။

၅ နှစ် နီးပါး ကြာလာတဲ့ ဆီးရီးယား ပြည်တွင်းစစ်ကြောင့် လူပေါင်း ၂ သိန်းခွဲကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

သမ္မတ အာဆတ် လက်အောက်ခံ တပ်ဖွဲ့တွေနဲ့ သူပုန် အဖွဲ့တွေကြား တိုက်ခိုက်နေတဲ့ ပြည်တွင်းစစ် ဒဏ်နဲ့ အစ္စလာမ္မစ် နိုင်ငံ IS အဖွဲ့ တို့ကြောင့် နောက်ထပ် လူပေါင်း ၁၁ သန်းလောက်ဟာလည်း နေရပ် စွန့်ခွာ ထွက်ပြေး ခဲ့ကြရ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ