ဆီးရီးယား အတိုက်အခံ ညွန့်ပေါင်း အဖွဲ့ ငြိမ်းချမ်းရေး စကားဝိုင်း လာတက်မယ်လို့ ပြော

  • 29 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် Getty
Image caption အရပ်သား တွေ နေထိုင်တဲ့ အရပ် တွေ မှာပါ ဗုံးကြဲ တိုက်ခိုက် နေတာ တွေ ရပ်ဖို့ အတိုက်အခံတွေ တောင်းဆို။

ဆီးရီးယား ပြည်တွင်းစစ် အဆုံးသတ်ရေး အတွက် ရည်ရွယ် ပြီး ကုလသမဂ္ဂ အစီအစဉ် နဲ့ ကျင်းပတဲ့ ငြိမ်းချမ်းရေး စကားပြောပွဲ တွေကို တက်ရောက်မယ် လို့ ဆီးရီးယား ရဲ့ အဓိက အတိုက်အခံ ညွန့်ပေါင်း အဖွဲ့ က ပြောပါတယ်။

အဆင့်မြင့် ညှိနှိုင်းရေး ကော်မတီ အဖွဲ့ ဆိုပြီး နာမည် ပေးထားတဲ့ ဆီးရီးယား အတိုက်အခံ အင်အားစု က ဆွေးနွေးပွဲ လာပြီး တက်မယ့် အကြောင်း ကုလသမဂ္ဂရဲ့ ဆီးရီးယား နိုင်ငံ ဆိုင်ရာ ကိုယ်စားလှယ် စတယ်ဖန် ဒီ မစ္စတူရာ ထံ ကို အတည်ပြု ပြောကြား လာတာ ဖြစ်ပါတယ်။

ဒါပေမယ့် သူတို့ အဖွဲ့ အနေနဲ့ ဆီးရီးယား အစိုးရနဲ့ ညှိနှိုင်းမှု တွေ ပြုလုပ် မှာ မဟုတ်ဘူး လို့လည်း ဆိုပါတယ်။

ဆီးရီးယား နိုင်ငံ ထဲ အရပ်သား တွေ နေထိုင်တဲ့ အရပ် တွေ မှာပါ ဗုံးကြဲ တိုက်ခိုက် နေတာ တွေ မရပ်မချင်း ဂျီနီဗာ အစည်းအဝေး ကို မတက်ရောက် နိုင်ဘူး ဆိုပြီး အဲဒီ့ အဖွဲ့ က အစောပိုင်းတုန်းက ငြင်းဆန် နေခဲ့ကြ တာ ဖြစ်ပါတယ်။

မူလ က စီစဉ် ထားတဲ့ အတိုင်း ဇန်နဝါရီ ၂၉ ရက် သောကြာ နေ့ က စလို့ ဂျနီဗာ မြို့မှာ ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကို အစပျိုး ခဲ့ ကြတာမှာ ကုလသမဂ္ဂ သံတမန် မစ္စတာ ဒီ မစ္စတူရာ နဲ့ သမ္မတ အာဆတ် အစိုးရ ရဲ့ ကိုယ်စားလှယ် အဖွဲ့ တို့ တွေ့ဆုံ ခဲ့ကြပါတယ်။

ဒီအချိန် မှာပဲ နယ်သာလန် အစိုးရ က သူတို့ရဲ့ စစ်လေယာဉ် တွေ ဟာ ဆီးရီးယား နိုင်ငံ ထဲက အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS ကို ပစ်မှတ် ထားပြီး စတင် တိုက်ခိုက် တော့မယ် ဆိုပြီး ပြောလာ ပါတယ်။

အီရတ် နိုင်ငံ ထဲမှာတော့ IS ပစ်မှတ် တွေ ကို နယ်သာလန် စစ်လေယာဉ် တွေ တိုက်ခိုက် နှင့် ခဲ့ကြပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာ လ တုန်းက ပဲရစ် မြို့တော် အတိုက်ခိုက် ခံခဲ့ရပြီး နောက်ပိုင်း ပြင်သစ် နဲ့ အမေရိကန် တို့ က နယ်သာလန် အစိုးရ ကို လေကြောင်း တိုက်ခိုက်မှု တွေကို ဆီးရီးယား ထဲမှာ ပါ တိုးချဲ့ လုပ်ဆောင်ဖို့ တောင်းဆို ထားကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ