ကြံခိုင်ရေး အမတ်တွေ ဆင်ဆာတင်ပြီးမှ လွှတ်တော်ထဲ စကားပြောခဲ့ရ

  • 29 ဇန်နဝါရီ 2016
thura_u_aung_ko_
Image caption ပါတီ ဖွဲ့စည်းပုံ စည်းမျဉ်းတွေ နဲ့ မညီပဲ အာဏာရှင် ဆန်ဆန် လုပ်ရပ် တွေ ကြံ့ခိုင်ရေး ပါတီတွင်း ဖြစ်ပေါ် ခဲ့။

ပြီးခဲ့တဲ့ လွှတ်တော် သက်တမ်း မှာ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီ က လွှတ် တော် အမတ် တွေ အနေနဲ့ တစ်ဦး ချင်းစီ သဘောထား အတိုင်း လွတ်လွတ် လပ်လပ် လွှတ်တော် တွင်း အဆိုတင် တာမျိုး ပြုလုပ် လို့ မရခဲ့ ဘူး ဆိုပြီး ကြံ့ခိုင်ရေး ပါတီ မှာ ထိပ်တန်း ခေါင်းဆောင် တစ်ဦး ဖြစ်ခဲ့ ဖူး သူ တစ်ဦး က ထုတ်ဖော် ပြောဆို လာပါတယ်။

ကြံ့ခိုင်ရေး ပါတီ ဗဟို အလုပ်အမှု ဆောင် ကော်မတီ ဝင် စီအီးစီ တွေ နဲ့ ဖွဲ့စည်း ထားတဲ့ ဆင်ဆာ အဖွဲ့ ရဲ့ စိစစ် အတည်ပြု မှု ကို အရင် ခံယူ ပြီး မှ လွှတ်တော် အတွင်း အဆိုပြု တင်ပြ ရတာ မျိုး ဖြစ်တယ် လို့ ကိုယ် တိုင်လည်း ပါတီ စီအီးစီ တစ်ဦး ဖြစ်ခဲ့ ဖူးတဲ့ သူရ ဦးအောင်ကို က ဘီဘီစီ နဲ့ မေးမြန်းခန်း မှာ ပြောပါတယ်။

ဇန်နဝါရီလ ၂၉ ရက် သောကြာ နေ့ ကပဲ ကြံ့ခိုင်ရေး ပါတီ လွှမ်းမိုး ထားတဲ့ လွှတ်တော် ရဲ့ နောက်ဆုံး ရက် အဖြစ် ကျင်းပ ခဲ့ ပြီး နောက် သူရ ဦးအောင်ကို က သူ့ အနေနဲ့ ကြံ့ခိုင်ရေး ပါတီ နဲ့ ကြား လမ်းခွဲ လိုက် ပြီ လို့ ပြောကြား လာပါတယ်။

ပါတီ ဖွဲ့စည်းပုံ စည်းမျဉ်းတွေ နဲ့ မညီပဲ အာဏာရှင် ဆန်ဆန် လုပ်ရပ် တွေ ပါတီတွင်း ဖြစ်ပေါ် ခဲ့တယ် ဆိုပြီးတော့လည်း သူရ ဦးအောင်ကိုက ဝေဖန် ခဲ့တာ မှာ ပြီးခဲ့တဲ့ နှစ် ဩဂုတ် လက ကြံခိုင်ရေး ပါတီ ရဲ့ ဥက္ကဌ နေရာ ကနေ သူရ ဦးရွှေမန်း ကို အင်အားသုံး ဖယ်ရှား ခဲ့တဲ့ ဖြစ်ရပ် ကို ဥပမာ ပေး ပြောဆို ခဲ့ ပါတယ်။

ကြံ့ခိုင်ရေး ပါတီတွင်း ဦးသိန်းစိန် နဲ့ ဦးရွှေမန်း တို့ အကြား အာဏာလွန်ဆွဲ ပွဲ အပြီး မှာ သူရ ဦးရွှေမန်း နဲ့ နီးစပ်သူ တစ်ဦး အဖြစ် ယူဆရတဲ့ သူရ ဦးအောင် လည်း အဲဒီ့ ပါတီ ရဲ့ စီးအီးစီ အဖြစ် ကနေ ဖယ်ရှား ခံခဲ့ ရပါတယ်။

သူ့ရဲ့ အနာဂတ် နိုင်ငံရေး နဲ့ ပတ်သက်ပြီး ဘီဘီစီ က မေးမြန်း ရာမှာတော့ သူရ ဦးအောင်ကို က သူဟာ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် NLD ပါတီ ရဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ လူပုဂ္ဂိုလ် ချင်း ခင်မင် ရင်းနှီး သူ တစ်ဦး ဖြစ်ပြီး တိုင်းပြည် အတွက် အတူ ဝိုင်းဝန်း ကူညီ ဖို့ အဖွဲ့ချုပ် ဥက္ကဌ က မကြခဏ ပြောဆို ဖူး တယ် လို့ ဆိုပါတယ်။

ဒါပေမယ့် တိတိကျကျ ဘယ်လို ရာထူး တာဝန် နေရာ မျိုး မှာ ဝင်ပြီး ဆောင်ရွက်ဖို့ ကိုတော့ ပြောဆို ညှိနှိုင်း ထားတာ မရှိဘူး လို့ သူရ ဦးအောင်ကို က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ