ဘူရွန်ဒီကို ငြိမ်းချမ်းရေးတပ်ဖွဲ့ စေလွှတ်ရမလား ဆွေးနွေးနေ

  • 30 ဇန်နဝါရီ 2016
burundi_demo
Image caption မစ္စတာ ကူရွန်ဇီးဇာ က သူ့ရဲ့ တတိယ အကြိမ် သမ္မတ သက်တမ်း အတွက် ရွေးကောက်ပွဲ ဝင်ဦးမယ် ဆိုပြီး ဆုံးဖြတ်ခဲ့တဲ့ နောက် ဘူရွန်ဒီ မှာ အုံကြွ မှု စတင် ဖြစ်လာ။

အာဖရိကတိုက် အရှေ့ဘက် ကုန်းတွင်းပိတ် နိုင်ငံ ဘူရွန်ဒီ မှာ လပေါင်း များစွာ ဖြစ်ပေါ် နေတဲ့ အကြမ်းဖက် မှု တွေကို ထိန်းသိမ်း ကိုင်တွယ်ဖို့ရာ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်သား ၅ ထောင် စေလွှတ် ဖို့ အစီအစဉ် ကို အတည်ပြု ရမလားဆိုတာ ဆုံးဖြတ်နိုင်ဖို့ အာဖရိက နိုင်ငံ တွေ ရဲ့ ခေါင်းဆောင် တွေ အီသီယိုပီးယား မြို့တော် အဒစ္စ အဘာဘာ မှာ တံခါးပိတ် ဆွေးနွေး နေကြ ပါတယ်။

အခုလို အာဖရိက နိုင်ငံများ သမဂ္ဂ AU ရဲ့ တပ်သားတွေ စေလွှတ် မယ့် အစီအစဉ် ကို ဘူရွန်ဒီ သမ္မတ ပြဲ ကူရွန်းဇီးဇာ ကတော့ သဘောမတူပဲ AU ရဲ့ စွက်ဖက် လာရင် ကျူးကျော် ရန်စ မှု အဖြစ် သဘောထား ပြီး တုံ့ပြန် သွားမယ်လို့ ဆိုပါတယ်။

အဲဒီ့ အာဖရိက နိုင်ငံများ ဆွေးနွေးပွဲ ကို တက်ရောက် နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘဲန်ကီမွန်း ကတော့ ငြိမ်းချမ်းရေး တပ်သားတွေ စေလွှတ်မှာကို ကုလသမဂ္ဂ က ထောက်ခံတယ် လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ် တုန်းက မစ္စတာ ကူရွန်ဇီးဇာ က သူ့ရဲ့ တတိယ အကြိမ် သမ္မတ သက်တမ်း အတွက် ရွေးကောက်ပွဲ ဝင်ဦးမယ် ဆိုပြီး ဆုံးဖြတ်ခဲ့တဲ့ နောက် ဘူရွန်ဒီ မှာ အုံကြွ မှု စတင် ဖြစ်လာ ခဲ့ပြီး အခု အချိန် ထိ ဆိုရင် လူတွေ ရာပေါင်းများစွာ သေဆုံး ခဲ့ရပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ