ရုရှား စစ်လေယာဉ် ပိုက်နက် ကျူးကျော်ပြန်လို့ တူရကီ စွပ်စွဲ

  • 30 ဇန်နဝါရီ 2016
_turkey_russia_plane ဓာတ်ပုံ မူပိုင်
Image caption နိုဝင်ဘာ လတုန်းက ဆီးရီးယား နဲ့ နယ်စပ် အနီး တူရကီ ဝေဟင်ထဲ ဝင်လာလို့ ဆိုပြီး ရုရှား တိုက်လေယာဉ် တစ်စင်း ကို တူရကီ ဘက်က ပစ်ချ ခဲ့။

တူရကီ နိုင်ငံရဲ့ ဝေဟင် ပိုင်နက် ထဲကို ရုရှား တိုက်လေယာဉ် တစ်စင်း ကျူးကျော် ဝင်ရောက် ခဲ့ပြန်တယ် လို့ တူရကီ အာဏာပိုင် တွေ က ပြောဆို နေပါတယ်။

ဒီ အပြုအမူ အတွက် ရုရှားဟာ နောက်ဆက်တွဲ ဆိုးကျိုး တွေ နဲ့ တွေ့ကြုံ ရလိမ့်မယ် ဆိုပြီး တူရကီ သမ္မတ ရာဂျိ(ပ)တိုင်ရစ်ပ် အဒိုအန် က သတိပေး လိုက်ပါတယ်။

ပြီးခဲ့တဲ့ သောကြာ နေ့က ရုရှား တိုက်လေယာဉ် တူရကီ ဝေဟင် ထဲ ဝင်လာတာ ဖြစ်ပြီး တူရကီ ဘက်က အင်္ဂလိပ် လိုရော ရုရှ ဘာသာစကား နဲ့ပါ သတိပေး ပြောဆိုတာ တွေ ပြုလုပ် ခဲ့တယ် လို့ တူရကီ အာဏာပိုင် တွေ က ပြောပါတယ်။

ရုရှား ဘက်ကတော့ တူရကီ ရဲ့ စွပ်စွဲမှု ကို ငြင်းဆိုလိုက်ပြီး အခြေအမြစ် မရှိတဲ့ ဝါဒဖြန့် ပြောဆိုမှု သက်သက် ဖြစ်တယ် လို့ ဆိုပါတယ်။

တူရကီ နိုင်ငံ အဖွဲ့ဝင် အဖြစ် ပါဝင်တဲ့ နေးတိုး စစ်ရေး မဟာမိတ် အဖွဲ့ကတော့ ရုရှား အစိုးရ ကို နေးတိုး အဖွဲ့ဝင် နိုင်ငံတွေ အားလုံးရဲ့ ဝေဟင် ပိုင်နက် ကို လေးစား ပါ ဆိုပြီး ပြောဆို ပါတယ်။

ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာ လတုန်းက ဆီးရီးယား နဲ့ နယ်စပ် အနီး တူရကီ ဝေဟင်ထဲ ဝင်လာလို့ ဆိုပြီး ရုရှား တိုက်လေယာဉ် တစ်စင်း ကို တူရကီ ဘက်က ပစ်ချ ခဲ့ပြီးတဲ့ နောက် နှစ်နိုင်ငံ ကြား သံတမန် ဆက်ဆံရေး တင်းမာ မှု တွေ ဖြစ်ပေါ် ခဲ့ကာ ရုရှား က တူရကီ အပေါ် စီးပွားရေး ပိတ်ဆို့ ကန့်သတ်မှု တွေ ပြုလုပ် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ