ဘင်္ဂလားဒေ့ရှ်မှာ အနှစ်တစ်ထောင် သက်တမ်းရှိ ဗုဒ္ဓဘာသာ စေတီတော်တွေ တူးဖော် တွေ့

  • 31 ဇန်နဝါရီ 2016
_bangladesh_buddhist_site_discovered
Image caption Nateshwar ဆိုတဲ့ ရှေးဟောင်း သုတေသန တူးဖော် ရေး နေရာ ကနေ အသစ် ထပ်ပြီး တွေ့ လာ ခဲ့ ပြန်တဲ့ ရှေးလက်ရာ တွေ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ နှစ်ပေါင်း တစ်ထောင် သက်တမ်း ရှိတဲ့ ဗုဒ္ဓဘာသာဆိုင်ရာ ရှေးလက်ရာ စေတီတွေကို တူးဖော် တွေ့ရှိ ခဲ့ပါတယ်။

တစ်ခန်း နဲ့ တစ်ခန်း ချိတ်ဆက် နေတဲ့ အခန်းကျယ် ၄ ခန်း ရဲ့ ထောင့်နေရာတိုင်းမှာ စေတီငယ် တစ်ဆူကျဆီ တည်ထား တာ တွေ့ရ တဲ့ အတွက် စုစုပေါင်း စေတီ ၁၆ ဆူ ကို တွေ့ ခဲ့ရတာ ဖြစ်ပါတယ်။

နတက်ရွှာ Nateshwar ဆိုတဲ့ ရှေးဟောင်း သုတေသန တူးဖော် ရေး နေရာ ကနေ အသစ် ထပ်ပြီး တွေ့ လာ ခဲ့ ပြန်တဲ့ ရှေးလက်ရာ တွေ ဖြစ်ပါတယ်။

အဲဒီ့ နေရာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင် ဝန်းကျင် က နာမည် ကျော် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး Atish Dipankar မွေးဖွားရာ ဇာတိမြေ အနီး ဖြစ်ပါတယ်။

အဲဒီ့ နေရာမှာ သုတေသန လုပ် တူးဖော် နေကြတဲ့ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှင် ပညာရှင် တွေ စုပေါင်း အဖွဲ့က ဗုဒ္ဓ သာသနိက မြို့ကြီး တစ်ခု ရှိခဲ့ကြောင်း သက်သေ တွေ အဖြစ် အုတ်ခင်းလမ်းနဲ့ ရေနှုတ်မြောင်း အကြွင်းအကျန် တွေ့ထား ရတယ် လို့ ပြီးခဲ့တဲ့ က ကြေညာ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ