ကိုယ်ချင်းဆက် အမွှာကို အသက် အငယ်ဆုံးအရွယ် အဖြစ် စံချိန်တင် ခွဲစိတ်ပေးခဲ့

  • 31 ဇန်နဝါရီ 2016
_eight_day_old_cojoined
Image caption မာယာ နဲ့ လီဒီယာ တို့မှာ ကမ်မလီယာ ဆိုတဲ့ နောက် အမွှာ တစ်ယောက် လည်း ရှိပါသေးတယ်။

ဆွစ်ဇာလန် နိုင်ငံမှာ ၈ ရက် သမီး အရွယ် ပဲ ရှိသေးတဲ့ ကိုယ်ချင်းဆက် အမွှာ ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ လတုန်းက အောင်အောင်မြင်မြင် ခွဲပေး နိုင်ခဲ့တယ် လို့ ဆွစ် ဆရာဝန် တွေက ထုတ်ဖော် ပြောလာ ပါတယ်။

ဒါဟာ ကိုယ်ချင်းဆက် အမွှာ ကို အသက် အငယ်ဆုံး ခွဲစိတ် ပေး ခဲ့တာ ဖြစ်ပါတယ်။

ရင်ဘတ် နဲ့ အသည်းချင်း ဆက် နေခဲ့ ကြတဲ့မာယာ နဲ့ လီဒီယာ ဆိုတဲ့ အမွှာ ညီအစ်မ ကို ဘန်း မြို့တော် ဆေးရုံမှာ လူ ၁၃ ဦး ပါ အဖွဲ့နဲ့ ၅ နာရီကြာ ခွဲစိတ် ခဲ့တာ ဖြစ်ပါတယ်။

မာယာ နဲ့ လီဒီယာ တို့မှာ ကမ်မလီယာ ဆိုတဲ့ နောက် အမွှာ တစ်ယောက် လည်း ရှိပါသေးတယ်။

သူတို့ ကို ၃ မွှာပူး မွေး ခဲ့တာ ဖြစ်ပြီး ကမ်မလီယာ ကတော့ ဘယ်လို ကျန်းမာရေး ပြဿနာမှ မရှိပဲ ကောင်းကောင်းမွန် မွေးဖွား ခဲ့ပါတယ်။

မာယာ နဲ့ လီဒီယာ တို့ ညီအစ်မ ကို လသား အရွယ် ရောက်အောင် စောင့်ပြီး မှ ခွဲဖို့ စီစဉ် ထား ခဲ့ ပေမယ့် အသက် အန္တရာယ် စိုးရိမ် ရတဲ့ အခြေအနေ မျိုး ဖြစ် လာခဲ့ လို့ ၈ ရက် သမီး တွေ အရွယ် မှာပဲ မခွဲ မဖြစ် ခွဲ ပေး ခဲ့ရတာ ဖြစ်တယ် လို့ ဆွစ် မီဒီယာ တွေမှာ ဖော်ပြ ထားပါတယ်။

ခွဲစိတ် တုန်းကလည်း အောင်မြင်ဖို့ ၁ % မျှော်လင့် ချက် နဲ့ လုပ်ဆောင် ခဲ့ရထာ ဖြစ်တယ် လို့လည်း ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ