နိုင်ဂျီးရီးယား ကျေးရွာတစ်ခုကို ဘိုကိုဟာရမ်တွေ တိုက်ခိုက်လာပြန်

  • 31 ဇန်နဝါရီ 2016
_nigeria_attack ဓာတ်ပုံ မူပိုင် b
Image caption တစ်ရွာ လုံးနီးပါး အတိုက်ခိုက် ခံခဲ့ရ။

နိုင်ဂျီးရီးယား နိုင်ငံ အရှေ့မြောက်ပိုင်း က ကျေးရွာ တစ်ခုမှာ အစ္စလာမ်မစ် လက်နက်ကိုင် ဘိုကိုဟာရမ် တွေ လို့ ယူဆရသူ တွေ တိုက်ခိုက်တာ ခံခဲ့ရလို့ လူ အများအပြား သေဆုံး ခဲ့ရပါတယ်။

သေဆုံးသူ အယောက် ၈၀ လောက်ထိ ရှိနိုင်တယ် လို့ တချို့ သတင်းတွေ က ဆိုပါတယ်။

ဒါလိုရီ ဆိုတဲ့ ကျေးရွာ မှာ လက်နက်ကိုင် တွေ က လူနေ တဲ အိမ်တွေ မွေးမြူရေး ခြံ တွေကို မီးတင်ရှို့ နေတာ တွေ့ခဲ့ရတယ် လို့ မျက်မြင် သက်သေတစ်ဦး က ပြောပါတယ်။

အရှင်လတ်လတ် မီးလောင် ခံရလို့ အော်နေတဲ့ ကလေး သံတွေ လည်း ကြားခဲ့ရတယ် ဆိုပြီး တော့လည်း အဲဒီ့ မျက်မြင် သက်သေ က ထွက်ဆို ပါတယ်။

မီးကျွမ်းလောင် ထားတဲ့ အလောင်းတွေ လမ်းပေါ်တွေ ပစ်ထားကြ တယ် ဆိုပြီး အသက်ရှင်သန် ကျန်ရစ် တဲ့ ရွာခံ တွေ က ပြောပါတယ်။

တစ်ရွာ လုံးနီးပါး အတိုက်ခိုက် ခံခဲ့ရတာ ဖြစ်တယ် လို့လည်း ဆိုပါတယ်။

နိုင်ဂျီးရီးယား မှာ ဘိုကိုဟာရမ် တွေ ထကြွ နေတာ ၆ နှစ် တာ ကြာ မြင့် နေပြီ ဖြစ်ပြီး လူ့ အသက် ထောင်ပေါင်း များစွာ သေဆုံး ခဲ့ရပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ