ဆီးရီးယားအရေး အစွမ်းကုန် ညှိနှိုင်းဖို့ ဘန်ကီမွန်း ပြော

  • 31 ဇန်နဝါရီ 2016
Image caption လက်ရှိ အချိန်အထိ ဆီးရီးယား အစိုးရ အနေနဲ့ အရပ်သားတွေ အပေါ်မှာ ဗုံးကြဲ တိုက်ခိုက်မှုတွေ ကို မရပ်ရင် အစိုးရ အဖွဲ့ နဲ့ တိုက်ရိုက် ဆွေးနွေးဖို့ မရှိဘူးလို့ သူပုန် အဖွဲ့တွေ ဘက်က ပြော

ဆီးရီးယား နိုင်ငံက သူပုန် အဖွဲ့တွေရော အစိုးရ ကပါ မိမိတို့ အဖွဲ့ရဲ့ အကျိုးထက် နိုင်ငံ ငြိမ်းချမ်းရေး အတွက် အစွမ်းကုန် ညှိနှိုင်း ကြဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က တိုက်တွန်း လိုက်ပါတယ်။

ဒီကနေ့မှာ ဆီးရီးယား နိုင်ငံ အတွက် ကုလသမဂ္ဂ ရဲ့ အထူး သံတမန်တွေ နဲ့ သူပုန် အဖွဲ့တွေ ဘက်က အဆင့်မြင့် ညှိနှိုင်းရေး ကော်မတီက ကိုယ်စားလှယ်တွေ ဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အခြေအနေတွေ ကို ညှိနှိုင်းဖို့ တွေ့ဆုံ ဆွေးနွေး နေကြပါတယ်။

လက်ရှိ အချိန်အထိ ဆီးရီးယား အစိုးရ အနေနဲ့ အရပ်သားတွေ အပေါ်မှာ ဗုံးကြဲ တိုက်ခိုက်မှုတွေ ကို မရပ်ရင် အစိုးရ အဖွဲ့ နဲ့ တိုက်ရိုက် ဆွေးနွေးဖို့ မရှိဘူးလို့ သူပုန် အဖွဲ့တွေ ဘက်က ပြောကြား နေပါတယ်။

ပြီးခဲ့တဲ့ သောကြာ နေ့မှာတော့ သမ္မတ ဘာရှာ အာဆတ် အစိုးရ ရဲ့ ကိုယ်စားလှယ်တွေ နဲ့ ကုလသမဂ္ဂ ရဲ့ အထူး သံတမန်တွေ တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ