ကန် သမ္မတလောင်း ရွေးချယ်မှု အိုင်အိုဝါမှာ စတော့မယ်

  • 1 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption ဒီမိုကရက်တစ် ပါတီ သမ္မလောင်း အဖြစ် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်က ဘာနီဆန်းဒါးစ် ထက် အနည်းငယ် အသာရနေ။

၂၀၁၆ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ဝင်အရွေးခံမယ့် ပါတီကိုယ်စားပြု သမ္မတလောင်း တွေကို အိုင်အိုဝါ ကနေ ဒီကနေ့ တနင်္လာနေ့မှာ စတင် ရွေးတော့မှာ ဖြစ်ပါတယ်။

ရီပက်ဘလီကန် ပါတီရဲ့ သမ္မတလောင်း အဖြစ် ဒေါ်နယ် ထရမ့် Donald Trump က တက် ခရုဇ် Ted Cruz ထက် အနည်းငယ် အသာရနေတယ်လို့ သဘောထား ကောက်ခံချက်တွေ အရ သိရပါတယ်။

ဒီမိုကရက်တစ် ပါတီမှာတော့ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီ ကလင်တန် Hillary Clinton က ဆီနိတ်တာ ဘာနီ ဆန်းဒါးစ် Bernie Sanders ထက် နှာတစ်ဖျားသာ သာပြီး အကြိတ်အနယ် ဖြစ်နေတယ်လို့ ဆိုပါတယ်။

ပါတီ အသီးသီးကနေ ရွေးချယ်ခံရတဲ့ သမ္မတလောင်းတွေဟာ နိုဝင်ဘာမှာ ပြုလုပ်မယ့် သမ္မတ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင် ကြရမှာ ဖြစ်ပါတယ်။

Republican နဲ့ ဒီမိုကရက် တို့က သူတို့ ပါတီတွေကို ကိုယ်စားပြု ယှဉ်ပြိုင်စေချင်တဲ့ သမ္မတလောင်းတွေကို ရွေးချယ် ကြမှာ ဖြစ်ပါတယ်။

အိုင်အိုဝါ မှာ စတင် ရွေးချယ် ခံကြရသူတွေဟာ သူတို့ရဲ့ မဲဆွယ်ပွဲတွေမှာ ပိုအရှိန်ရလာမှာ ဖြစ်ပြီး သတင်း မီဒီယာတွေရဲ့ စိတ်ဝင်တစား ဖော်ပြခံရမှုလည်း ပိုရလာမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ