ဇီကာ အရေးပေါ်ဆွေးနွေးပွဲ WHO ပြုလုပ်

  • 1 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် Getty
Image caption ခြင်ကနေ ပျံ့ပွားတဲ့ ဇီကာ ဗိုင်းရပ်စ်ကြောင့် ဦးနှောက် မဖွံ့ဖြိုးတဲ့ ကလေးငယ်တွေ ဘရာဇီးမှာ ထောင်ချီ မွေးဖွားခဲ့ရ။

ကူးစက် ပျံ့ပွားနှုန်း အလွန် မြန်ဆန်နေတဲ့ ဇီကာ ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး အရေးပေါ် ဆွေးနွေးပွဲ တစ်ခုကို ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO က ဒီကနေ့ တနင်္လာနေ့မှာ ပြုလုပ် နေပါတယ်။

ဂျီနီဗာမှာ ပြုလုပ်နေတဲ့ ဒီဆွေးနွေးပွဲကနေ ဇီကာ ဗိုင်းရပ်စ် အတွက် ကမ္ဘာလုံး ဆိုင်ရာ အရေးပေါ် အခြေအနေ ကြေညာဖို့ သင့် မသင့် ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ဇီကာ ဗိုင်းရပ်စ် ကူးစက်ခံရမှု အများစုမှာ ရောဂါ လက္ခဏာ မပြပေမယ့် ဘရာဇီး နိုင်ငံက ထောင်နဲ့ချီတဲ့ ဦးနှောက် မဖွံ့ဖြိုးတဲ့ ကလေးငယ်တွေ မွေးဖွားလာမှုနဲ့ ဆက်စပ် နေပါတယ်။

ခြင်ကနေ တဆင့် ပျံ့ပွားတဲ့ ဒီဗိုင်းရပ်စ်ကို တောင်နဲ့ မြောက် အမေရိက တခွင်က လူ ၄ သန်းလောက်အထိ ကူးစက် နိုင်တယ်လို့ ပြီးခဲ့တဲ့ WHO က သီတင်းပတ်က သတိ ပေးခဲ့ပါတယ်။

ဘရာဇီးမှာ ခြင်ပေါက်ပွားတဲ့ နေအိမ်တွေ အတွင်း အာဏာပိုင်တွေ အတားအဆီး မရှိ ဝင်ရောက် နိုင်ခွင့်ကို ဘရာဇီး သမ္မတက အစောပိုင်းက ကြေညာ ခဲ့ပါတယ်။

ဒီကနေ့ WHO ဆွေးနွေးပွဲ ကနေ ကမ္ဘာလုံး ဆိုင်ရာ အရေးပေါ် အခြေအနေ ကြေညာ ခဲ့မယ် ဆိုရင် ဇီကာ ရောဂါပိုး ကာကွယ်ဆေး အလျင်အမြန် ပေါ်ထွက်လာဖို့ အတွက် အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ