တရုတ် ဆီးနှင်းကြောင့် ခရီးသွား ၁ သိန်းနီးပါး ပိတ်မိနေ

  • 2 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် Reuters

တရုတ် နိုင်ငံ တောင်ပိုင်းမှာ ဆီးနှင်း ထူထပ်မှုကြောင့် အများသုံး ပို့ဆောင်ရေး စနစ်ကို ထိခိုက်ခဲ့တဲ့ အတွက် သောင်းနဲ့ချီတဲ့ လူတွေ ဘူတာရုံတွေမှာ သောင်တင် နေတယ်လို့ တရုတ် ရဲတပ်ဖွဲ့က ပြောပါတယ်။

ဂွမ်ဂျိုးမြို့က ဘူတာရုံ အပြင်ဘက်မှာ ပိတ်မိနေတဲ့ အရေအတွက်ဟာ မနေ့က တနင်္လာနေ့ ညမှာ တစ်သိန်း နီးပါးအထိ ရှိခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

တရုတ် ပြည်မကြီး အနေနဲ့ အခု နှစ် အနည်းငယ် အတွင်း အအေးဆုံး ရာသီဥတုနဲ့ ရင်ဆိုင် နေရတာ ဖြစ်ပါတယ်။

ဆီးနှင်း ထူထပ်မှုဟာ အလုပ်သမားတွေ နေရပ် ပြန်ကြတဲ့ တရုတ် နှစ်သစ်ကူး ကာလနဲ့ တိုက်ဆိုင် နေတာလည်း ဖြစ်ပါတယ်။

ဒီကနေ့ အင်္ဂါနေ့မှာလည်း ဂွမ်ဂျိုး ဘူတာရုံမှာ လူ ၅ သောင်းလောက် သောင်တင်နေဆဲ ဖြစ်တယ်လို့ တရုတ်ပိုင် သတင်းဌာနက ပြောပါတယ်။

နှစ်သစ်ကူးချိန် ရုံးပိတ်ရက် ကာလ အတွင်း တရုတ် ခရီးသွား သန်း ၃ ထောင်လောက် ရှိလိမ့်မယ်လို့ တရုတ် အရာရှိတွေက ခန့်မှန်း ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ