အိုင်အိုဝါမှာ ထရမ့်က ခရုဇ်ကို ရှုံးနိမ့်

  • 2 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption အိုင်အိုဝါမှာ တက်ဒ် ခရုဇ်က ဒေါ်နယ် ထရမ့်ထက် ၄ ရာနှုန်း အသာရခဲ့။

အမေရိကန် သမ္မတလောင်း ရွေးချယ်မှုတွေရဲ့ ပထမဆုံးအဖြစ် အိုင်အိုဝါ ပြည်နယ်မှာ ရီပက်ဘလီကန် ကိုယ်စားပြု သမ္မတလောင်း ရွေးချယ် ခဲ့ရာမှာ တက္ကဆက် ဆီနိတ်တာ တက်ဒ် ခရုဇ်က အနိုင် ရခဲ့ပါတယ်။

တက်ဒ် ခရုဇ်က ထောက်ခံမဲ ၂၈ ရာနှုန်းကို ရခဲ့ပြီး သူ့ပြိုင်ဖက် ဒေါ်နယ် ထရမ့် ထက် ၄ ရာခိုင်နှုန်း အသာရခဲ့တာ ဖြစ်ပါတယ်။

သူက ရီပက်ဘလီကန် သမ္မတလောင်း နေရာဟာ မီဒီယာတွေရဲ့ သဘောအတိုင်း ရွေးချယ်ခံရမှာ မဟုတ်ဘူး ဆိုတာ အခု ရလဒ်က ဖော်ပြ လိုက်တာပဲလို့ ပြောဆို ပါတယ်။

ဒီမိုကရက်တစ် ပါတီရဲ့ အိုင်အိုဝါ ပြည်နယ်အတွက် သမ္မတလောင်း ရွေးချယ်မှု ရလဒ်တွေကိုတော့ ရေတွက်နေဆဲ ဖြစ်ပါတယ်။ ဟီလာရီ ကလင်တန်ရဲ့ မဲဆွယ်အဖွဲ့ ကတော့ သူတို့ ကပ်ပြီး အနိုင်ရတယ်လို့ ပြောပါတယ်။

ဒီလို ပါတီကိုယ်စားပြု သမ္မတလောင်းတွေကို ရွေးချယ်ရတဲ့ ရည်ရွယ်ချက် ကတော့ လာမယ့် နိုဝင်ဘာ သမ္မတ ရွေးကောက်ပွဲမှာ ဘယ်သူတွေက အဓိက ပါတီကြီး ၂ခုရဲ့ ကိုယ်စားပြု သမ္မတလောင်းတွေ အဖြစ် ဝင်အရွေးခံကြမလဲ ဆိုတာကို ဆုံးဖြတ် နိုင်ဖို့ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ