Texas မှာ Zika Virus ကူးစက် ခံထားရသူ တွေ့

  • 3 ဖေဖော်ဝါရီ 2016
Image caption ဇီကာ ဗိုင်းရပ်စ်ဟာ လိင် ဆက်ဆံခြင်း ကနေ ကူးစက် တတ်

အမေရိကန် ပြည်ထောင်စု Texas ပြည်နယ်မှာ ဇီကာ ဗိုင်းရပ် ကူးစက် ခံရထားရသူ တစ်ဦးကို စစ်ဆေး တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောကြား လိုက်ပါတယ်။

ဇီကာ ဗိုင်းရပ်စ် ကူးစက် ခံထားရသူဟာ အခြား ဗိုင်းရပ်စ် ရှိသူ တစ်ယောက် နဲ့ လိင်ဆက်ဆံမှု ပြုလုပ်ခဲ့တာကြောင့် ကူးစက် ခံရတာ ဖြစ်နိုင်တယ်လို့ ယူဆ နေကြပါတယ်။

အမေရိကန် တာဝန် ရှိသူတွေက ဇီကာ ဗိုင်းရပ်စ်ဟာ လိင် ဆက်ဆံခြင်း ကနေ ကူးစက် တတ်ကြောင်း အများ ပြည်သူတွေကို အသိပေး မှုတွေ လုပ်ဖို့ လိုအပ် တယ်လို့ လည်း ပြောကြား ခဲ့ကြပါတယ်။

ဘရာဇီး နိုင်ငံမှာတော့ မွေးရာပါ ဦးနှောက် ချို့တဲ့မှု ဖြစ်ပွားတဲ့ ဇီကာ ဗိုင်းရပ်စ် ဟာ ခြင်ကြောင့် အလျင် အမြန် ကူးစက် ပျံ့နှံ့နေပါတယ်။

ဖေဖော်ဝါရီလ ၂ ရက်နေ့က ဇီကာ ဗိုင်းရပ်စ် ကူးစက်မှု ကို ကမ္ဘာလုံး ဆိုင်ရာ အရေးပေါ် အခြေအနေ အဖြစ် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး WHO က ကြေညာထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ