သြစတြေးလျ ဒုက္ခသည် မူဝါဒ တရားရုံး ထောက်ခံ

  • 3 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption သြစတြေးလျမှာ ထိန်းသိမ်းခံထားရစဉ် မွေးဖွားခဲ့တဲ့ ကလေးငယ်တွေလည်း ကမ်းလွန်က ဒုက္ခသည်စခန်းကို ပို့ဆောင် ခံရမှာ ဖြစ်။

သြစတြေးလျ နိုင်ငံမှာ ခိုလှုံခွင့် လျှောက်ဖို့ ရေပိုင်နက်ထဲ ဝင်လာသူတွေကို ကမ်းလွန်က ဒုက္ခသည် စခန်းမှာ ထိန်းသိမ်း ထားရှိမှုဟာ ဥပဒေနဲ့ ညီညွတ်တယ်လို့ သြစတြေးလျ တရားရုံးချုပ်က ဆုံးဖြတ် လိုက်ပါတယ်။

ထိန်းသိမ်း ခံထားရသူ တစ်ဦးရဲ့ ရှေ့နေတွေက အဲဒီ မူဝါဒဟာ သြစတြေးလျ အခြေခံ ဥပဒေနဲ့ မကိုက်ညီဘူး ဆိုပြီး စောဒက တက်ခဲ့ကြတာကို တရားရုံးချုပ်က ပယ်ချခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ဆုံးဖြတ်ချက်ကြောင့် ကလေးငယ် ၃၇ ဦး အပါအဝင် လူ ၂၅၀ လောက်ကို သြစတြေးလျ ကမ်းလွန်၊ နော်ရူး ကျွန်းပေါ်က ထိန်းသိမ်းရေး စခန်းကို ထပ်မံ ပို့ဆောင်ဖို့ လမ်းပွင့်သွားပြီ ဖြစ်ပါတယ်။

သြစတြေးလျ ဝန်ကြီးချုပ် Malcolm Turnbull ကတော့ သူတို့ ရေပြင် နယ်နိမိတ်တွေ လုံခြုံဖို့ လို့အပ်ပြီး၊ ဒီပေါ်လစီက အသေအပျောက်တွေ မရှိအောင် တားဆီးထားတာ ဖြစ်တယ်လို့ ထပ်မံ ပြောဆို ခဲ့ပါတယ်။

လူ့အခွင့်အရေး အဖွဲ့တွေကတော့ အဲဒီ ဒုက္ခသည် ထိန်းသိမ်းရေး စခန်းတွေရဲ့ ကြမ်းကြုတ်မှုတွေကို ထောက်ပြ ထားသလို၊ သြစတြေးလျ ဆီးနိတ် အမတ်တွေ ကိုယ်တိုင်က နော်ရူး ဒုက္ခသည် စခန်းဟာ ကလေးငယ်တွေ အတွက် မလုံခြုံဘူးလို့ ပြောထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ