တိုရှီဘာ ဒေါ်လာ သန်း ၆ ထောင် စံချိန်တင် အရှုံးပေါ်ဖို့ရှိ

  • 4 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption တိုကျိုမှာ ပြုလုပ်တဲ့ တိုရှီဘာရဲ့ သတင်းစာ ရှင်းလင်းပွဲကို အမှုဆောင် အရာရှိချုပ် မာဆာရှီ မူရိုမာချီ တက်ရောက်လာစဉ်။

ဂျပန် နိုင်ငံရဲ့ အကြီးဆုံး ကော်ပိုရေးရှင်း တွေထဲ တစ်ခု အပါအဝင် ဖြစ်တဲ့ တိုရှီဘာ ကုမ္ပဏီက အခု ဘဏ္ဍာနှစ်မှာ စံချိန်တင် ဒေါ်လာ သန်း ခြောက်ထောင် အရှုံးပေါ် လိမ့်မယ်လို့ မျှော်လင့် ထားကြောင်း ပြောပါတယ်။

ဒေါ်လာ သန်း လေးထောင့် ငါးရာ အရှုံးပြ လိမ့်မယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာက ခန့်မှန်း ခဲ့တာထက် အခု ပြောဆိုမှုက ပိုဆိုးနေတာ ဖြစ်ပါတယ်။

တိုရှီဘာဟာ ပြီးခဲ့တဲ့ ငါးနှစ်မှာ တကယ်မဟုတ်ဘဲ စာရင်းလိမ်ပြီး အမြတ်ငွေတွေ ပြခဲ့တယ် ဆိုတာကို မနှစ်က ဝန်ခံ ခဲ့ပါတယ်။

အဲဒီနောက် တူရှီဘာက ထောင်နဲ့ချီတဲ့ အလုပ်အကိုင် လျှော့ချမှုတွေ အပါအဝင် အောက်ခြေပိုင်းက စပြီး ပြုပြင် ပြောင်းလဲမှုတွေကို လုပ်သွားမယ်လို့ ကြေညာ ခဲ့ပါတယ်။

တူရှီဘာဟာ သူ့ရဲ့ အဓိက စျေးကွက်ဖြစ်တဲ့ အီလက်ထရွန်းနစ် အသုံးအဆောင် ပစ္စည်း စျေးကွက်မှာ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေနဲ့ ရင်ဆိုင် နေရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ