ကလင်တန်နဲ့ ဆန်းဒါးစ် ထိပ်တိုက် စကားစစ်ထိုး

  • 5 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption ကလင်တန်နဲ့ ဆန်းဒါးစ်တို့ ဒီမိုကရက်တစ် ကိုယ်စားပြု သမ္မတလောင်း စကားစစ်ထိုးပွဲမှာ ငြင်းခုန်ခဲ့ကြ။

အမေရိကန် ပြည်ထောင်စုမှာ ဒီမိုကရက်တစ် ပါတီရဲ့ ကိုယ်စားပြု သမ္မတလောင်း အဖြစ် နောက်ဆုံး ယှဉ်ပြိုင်ရမယ့် ဟီလာရီ ကလင်တန်နဲ့ ဘာနီ ဆန်းဒါးစ် တို့နှစ်ဦးဟာ သူတို့ရဲ့ ပထမဆုံး စကားစစ်ထိုးပွဲမှာ ထိပ်တိုက် ရင်ဆိုင် ငြင်းခုန် ခဲ့ကြပါတယ်။

သမ္မတလောင်း ရွေးချယ်မှုတွေရဲ့ ဒုတိယမြောက် ပြည်နယ်အဆင့် ရွေးချယ်ပွဲ ဖြစ်တဲ့ နယူး ဟမ့်ရှိုင်းယား ပြည်နယ် ရွေးကောက်ပွဲ ပြုလုပ်ဖို့ ၅ ရက် အလိုမှာ ဒီ စကားစစ်ထိုးပွဲကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မစ္စက် ကလင်တန်က မစ္စတာ ဆန်းဒါးစ်ဟာ လက်တွေ့ ဖြစ်မြောက်အောင် မလုပ်နိုင်တဲ့ စိတ်ကူးယဉ် သမားပဲလို့ ပုတ်ခတ် ပြောဆိုပါတယ်။

မစ္စတာ ဆန်းဒါးစ် ကတော့ မစ္စက် ကလင်တန်ဟာ ပြောင်းလဲမှုတွေ မလုပ်နိုင်လောက်အောင် တည်ရှိပြီးသားတွေကို ဆွဲကိုင်လွန်းသူ ဖြစ်တယ်လို့ စွပ်စွဲ ပြောဆိုပါတယ်။

လာမယ့် အင်္ဂါနေ့မှာ ပြုလုပ်မယ့် နယူး ဟမ့်ရှိုင်းယား ရွေးကောက်ပွဲမှာ မစ္စတာ ဆန်းဒါးစ်က အနိုင်ရဖို့ မျှော်မှန်း ထားတယ်လို့ ဘီဘီစီ သတင်းထောက် တစ်ဦးက ပြောပါတယ်။

မစ္စက် ကလင်တန် ကတော့ ပထမဆုံး ပြည်နယ် အိုင်အိုဝါ ရွေးကောက်ပွဲမှာ ပွတ်ကာ သီကာ အနိုင် ရခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ