ဆီးရီးယားဒုက္ခသည်တွေကို တူရကီ ဝင်ခွင့်မပြု

  • 6 ဖေဖော်ဝါရီ 2016
_syria_refugees_turkey_border_
Image caption တူရကီ နယ်စပ် ကို ဆီးရီးယား ဒုက္ခသည် ခုနှစ်သောင်း လောက် အထိ ရောက်လာ နိုင်တယ်။

အလက်ပ်ပို မြို့ တိုက်ပွဲ တွေ ကြောင့် ထွက်ပြေး လာကြရတဲ့ သောင်း နဲ့ ချီတဲ့ ဆီးရီးယား ဒုက္ခသည် တွေကို တူရကီ နယ်ထဲ ပေးဝင်ဖို့ မလိုဘူး ဆိုပြီး တူရကီ အာဏာပိုင် တွေ က ပြောနေပါတယ်။

ဆီးရီးယားနဲ့ တူရကီ နယ်စပ် က တူရကီ မြို့ ဖြစ်တဲ့ ခေးလ်လစ် ဆိုတဲ့ မြို့ အနီး ကို ပြီးခဲ့တဲ့ ၂ ရက် အတွင်း ရောက်လာကြတဲ့ ဆီးရီးယား ဒုက္ခသည် သုံးသောင်းခွဲ ဝန်းကျင် ရှိ ပါတယ်။

ဆီးရီးယား ဘက်ခြမ်းမှာသာ ရှိနေကြ သေးတဲ့ စစ်ပြေး ဒုက္ခသည် တွေကို လိုအပ်တဲ့ အစားအစာ နဲ့ ယာယီ တဲ တွေ ပို့ဆောင် ပေး နေတယ် ဆိုပြီး တူရကီ ဒေသခံ အုပ်ချုပ်ရေးမှုး က ဆိုပါတယ်။

အလက်ပ်ပို ကို ရုရှားက လေကြောင်း တိုက်ခိုက်မှု တွေ ဆက်လက် လုပ်ဆောင် နေမယ် ဆိုရင် တူရကီ နယ်စပ် ကို ဆီးရီးယား ဒုက္ခသည် ခုနှစ်သောင်း လောက် အထိ ရောက်လာ နိုင်တယ် ဆိုပြီး တော့လည်း တူရကီ အာဏာပိုင် တွေ ခန့်မှန်း ထားကြ ပါတယ်။

အလက်ပ်ပို မြို့ ပတ်ဝန်းကျင် မှာ ဆီးရီးယား အစိုးရ စစ်တပ် အနေနဲ့ ထိုးစစ် အသစ် တွေ ပြုလုပ် နိုင်ဖို့ အတွက် ရူရှားက လေကြောင်း ပစ်ကူ တွေ ပေး နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ