ဆီးရီးယား ဒုက္ခသည်ပြသာနာ ပိုဆိုးရွားလာ

  • 6 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ထွက်ပြေးလာတဲ့ သူတွေအတွက် နေဖို့ စားဖို့ ပြင်ဆင်ထားပြီးပီလို့ တူရကီအစိုးရကပြော

ဆီးရီးယား အစိုးရစစ်တပ်တွေနဲ့ သူပုန်တပ်ဖွဲ့တွေကြား အလက်ပိုမြို့နားမှာ တိုက်ပွဲတွေပြင်း ထန်နေတဲ့ ဒုက္ခသည်အများအပြား တူရကီနယ်စပ်ဘက်ကိုထွက်ပြေးခဲ့ရပါတယ်။

တိုက်ပွဲတွေကြောင့် တပ်ဖွဲ့ ၂ဖက် စလုံးမှာ ၁၂၀ကျော် ကျဆုံးမှုတွေရှိခဲ့တယ်လို့ ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့တစ်ဖွဲ့ကပြောပါတယ်။ တိုက်ပွဲဖြစ်ပွားရာဒေသတစ်ဝိုက်က ဒုက္ခသည် နှစ်သောင်းကျော် လည်း တူရကီနယ်စပ်ကို ထွက်ပြေးခဲ့ကြရပါတယ်။

တူရကီနယ်စပ်ကိုရောက်လာကြတဲ့ ထောင်သောင်းချီရှိတဲ့ ဆီးရီးယားစစ်ပြေးဒုက္ခသည်တွေရဲ့ အခြေအနေတွေဟာ ပိုမိုဆိုးရွားနေပြီလို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က ကြေညာ လိုက်ပါတယ်။

တူရကီအစိုးရက ဒုက္ခသည်တွေကို သူတို့နိုင်ငံထဲကို ဝင်ခွင့်မပြုသေးပေမယ့် လိုအပ်တဲ့ အထောက်အပံ့တွေကို နယ်စပ်တဖက်ခြမ်းကို ပေးပို့နေပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ရုရှားအစိုးရဘက်က အပစ်ရပ်ရေးအတွက်ပြင် ဆင်နေတယ်လို့ ပြောပမယ် တကယ်ဖြစ်လာမယ် မလာဘူးဆိုတာတော့ မကြာခင်ရက်ပိုင်းမှာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။