ထိုင်ဝမ်ငလျင် တိုက်မြင့်တွေ ပြိုကျ

  • 6 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption လူနေတိုက်မြင့်တွေ ပြိုကျခဲ့တဲ့ ထိုင်ဝမ်ငလျင်

ထိုင်ဝမ်တောင်ပိုင်းတိုင်နန်မြို့မှာ ငလျင်လှုပ်တာကြောင့် လူနေတိုက်မြင့်တွေပြိုကျပြီး အနည်းဆုံး၁၁ဦး သေဆုံးကာ ၃၀၀ကျော်ဒဏ်ရာရခဲ့ပါတယ်။

သောကြာနေ့ မနက်အစောပိုင်းမှာ လှုပ်ခဲ့တဲ့ ၆.၄ ပြင်းအားရှိတဲ့ ငလျင်ကြောင့် လူနေအဆောက်အအုံအချို့ပြိုကျခဲ့ပြီး လူ၃၀၀ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။သေဆုံးသူတွေထဲမှာ ခလေးငယ်တစ်ဦး ပါဝင်ခဲ့ပါတယ်။

ငလျင်ဒဏ်ခံရသူတွေကို အစွမ်းရှိသ၍ကြိုးစားကူညီမယ်လို့ ထိုင်ဝမ် သမ္မတ မာရင်ဂျိုးက ဂတိပေးထားပါတယ်။

ပြိုကျတဲ့ အဆောက်အအုံထဲမှာ ပိတ်မိနေတဲ့ရာနဲ့ချီတဲ့ သူတွေကို ကယ်ဆယ်ရေးလုပ်သားတွေက ကြိုးစား ကယ်တင်ခဲ့ကြပြီး လူ ၃၀ အနည်းဆုံးပိတ်မိနေဆဲ လို့ သတင်းတွေမှာ ပြောပါတယ်။

ပြိုကျတဲ့အဆောက် အအုံတွေထဲမှာ လူ၂၅၆ယောက်နေထိုင်တဲ့ ၁၇ထပ်တိုက် ပြိုကျတာက အခြေနေအဆိုး ဆုံးဖြစ်ခဲ့ပါတယ်။ အထပ်ပါပြိုကျတဲ့ အဆောက်အအုံထဲကနေ လူ၂၀၀ကျော်ကို ကယ်ထုတ်ခဲ့ရပါတယ်။