မြောက်ကိုရီးယားကို ကုလသမဂ္ဂက ရှုတ်ချ

  • 7 ဖေဖော်ဝါရီ 2016
Image caption မြောက်ကိုရီးယားဒုံပျံပစ်လွတ်ခဲ့တာကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ရှုတ်ချ

မြောက်ကိုရီးယားနိုင်ငံက တာဝေးပစ်ဒုံးပျံ ပစ်လွှတ်ခဲ့တဲ့အပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တညီတညွတ်တည်း ရှုတ်ချလိုက်ပါတယ်။

ကုလသမဂ္ဂက မကြာခင်မှာ ပိတ်ဆို့အရေးယူမှုတွေ လုပ်မယ့် ဆုံးဖြတ်ချက်သစ်တရပ် အတည်ပြုချမှတ်မယ်လို့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ အရေးပေါ် စည်းဝေးခဲ့ကြပြီးတဲ့နောက် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မြောက်ကိုရီးယားက ဇန်နဝါရီလက စတုတ္ထအကြိမ် နျူကလီးယားစမ်းသပ်မှုအပါအဝင် အခု ဒုံးပျံပစ်လွှတ်တာမျိုး ဆိုးရွားပြီး အန္တရာယ်များတဲ့ ချိုးဖေါက်တွေ လုပ်နေတယ်လို့ ကုလသမဂ္ဂက ဖေါ်ပြခဲ့ပါတယ်။

မြောက်ကိုရီးယားနဲ့ ပုံမှန်ဆက်ဆံဖို့ဆိုတာ မဖြစ်နိုင်ဘူး လို့ ကုလသမဂ္ဂဆိုင်ရာ ဂျပန်သံအမတ်ကြီးပြောခဲ့ပါတယ်။

ပြတ်သားတဲ့ အရေးယူမှုတွေ ချက်ခြင်းလုပ်ဖို့ လိုနေ ပြီလို့ အမေရိကန်သံအမတ်ကလည်း ပြောခဲ့ပါတယ်။

မြောက်ကိုရီးယား အစိုးရကတော့ သူတို့ရဲ့ အာကာသအစီအစဉ်ရဲ့ တစိတ်တပိုင်းအဖြစ်

ဒုံးပျံပစ်လွှတ်ခဲ့တာဖြစ်တယ်လို့ ပြောနေပါတယ်။