ထိုင်ဝမ်ငလျင် အပျက်အစီးအောက် လူတရာကျော်ရှိနေဆဲ

  • 7 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် Getty
Image caption ကယ်ဆယ်တာကို မျှော်လင့်တကြီး စောင့်နေကြတဲ့ ဆွေမျိုးသားချင်းတွေ

ထိုင်ဝမ်မှာ ပြီးခဲ့တဲ့ ၂ ရက်က မြေငလျင်လှုပ်ခဲ့ပြီးတဲ့နောက် ပြိုကျခဲ့တဲ့ အထပ်မြင့် အဆောက်အဦးကြီးရဲ့ အပျက်အစီးပုံအောက်မှာ လူ ၁၂၀ ကျော် ပိတ်မိနေဆဲပဲလို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

တိုင်နန်မြို့က အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဟာ အပျက်အစီးတွေအောက်မှာ ပိတ်မိနေတဲ့ လူ ၂ဦးလောက်နဲ့ သူတို့ အဆက်အသွယ်လုပ်လို့ ရတယ်လို့ ဆိုပါတယ်။

အခုအချိန်ထိ ကယ်ထုတ်နိုင်ခဲ့သူ ၁၇၀ ကျော်ရှိပါတယ်။

ဒါပေမယ့် မျှော်လင့်တကြီးစောင့်နေခဲ့ကြတဲ့ ဆွေမျိုးသားချင်းတွေကြားမှာ စိတ်ပျက်ဒေါသထွက်မှုတွေက ပိုများလာနေတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ငလျင်ကြောင့် ပြိုကျခဲ့တဲ့ အထပ်မြင့် အဆောက်အဦးဟာ ကွန်ကရိနဲ့ မဆောက်ဘဲ ကုန်ကျစရိတ်နည်းအောင် ပေါ်လီစတိုင်လိန်းလို့ ခေါ်တဲ့ ဓါတ်ပေါင်းတမျိုးနဲ့ ဆောက်ထားတယ်ဆိုတာ သိရပါတယ်။

ငလျင်ကြောင့် အခု အခါသေဆုံးသူ ၃၀ ကျော်သွာပါပြီ။