ဇီကာအတွက် အိုဘားမား ၁.၈ ဘီလျံ တောင်းမယ်

  • 8 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption ပီရူးနိုင်ငံ၊ လီမာမြို့တော်က သင်္ချိုင်း တစ်ခုမှာ ခြင်ဆေး ဖျန်းနေစဉ်။

အမေရိကန် နိုင်ငံမှာ ဇီကာ ဗိုင်းရပ်စ် တိုက်ဖျက်ရေး အရေးပေါ် ရန်ပုံငွေ အဖြစ် ဒေါ်လာ ၁ ဒသမ ၈ ဘီလျံကို သမ္မတ အိုဘားမားက ကွန်ဂရက် လွှတ်တော်မှာ တောင်းခံဖို့ ရှိနေပါတယ်။

အဲဒီ ငွေတွေကို ခြင်ပေါက်ဖွားမှု ထိန်းချုပ်ရေး၊ ဇီကာ ကာကွယ်ဆေး ထုတ်ဖော်နိုင်ရေးနဲ့ ဝင်ငွေနည်းတဲ့ ကိုယ်ဝန်ဆောင်တွေကို ထောက်ပံ့ရေး စတာတွေမှာ သုံးသွားမယ်လို့ သိရပါတယ်။

ခြင်ကနေ အဓိက ပျံ့ပွားတဲ့ ဇီကာ ဗိုင်းရပ်စ်ဟာ တောင်နဲ့ မြောက် အမေရိက တခွင်လုံးမှာ လျင်လျင်မြန်မြန် ပျံ့နှံ့ ကူးစက် နေတာ ဖြစ်ပါတယ်။

ဘရာဇီး နိုင်ငံမှာ ကြုံနေရတဲ့ အဖြစ်အပျက်တွေ အရ ဇီကာ ဗိုင်းရပ်စ်ဟာ ဦးနှောက်အရွယ် ပုံမှန်ထက် သေးငယ်တဲ့ ကလေးငယ်တွေ မွေးဖွားလာမှုနဲ့ ဆက်စပ် နေပါတယ်။

အမေရိကန် ပြည်ထောင်စု မှာတော့ အခုချိန်အထိ ခြင်ကနေ တဆင့် ဇီကာ ဗိုင်းရပ်စ် ကူးစက်မှု တွေကို မတွေ့ရ သေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ