ထိုင်ဝမ် ငလျင်၊ ၈ နှစ်သမီးကို ထပ်ကယ်နိုင်

  • 8 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption မိန်းကလေးငယ်ကို အပျက်အစီးပုံ အောက်ကနေ ဆွဲထုတ် ကယ်တင်နိုင်ခဲ့။

ထိုင်ဝမ်မှာ စနေနေ့က လှုပ်ခဲ့တဲ့ ငလျင်ကြောင့် ပြိုကျခဲ့တဲ့ တိုက်ခန်းတွဲ အောက်မှာ နာရီ ၆၀ ကျော် ပိတ်မိနေတဲ့ ၈ နှစ်အရွယ် မိန်းကလေး တစ်ဦးကို ထပ်မံ ကယ်ဆယ် နိုင်ခဲ့ပါတယ်။

တိုင်နန်မြို့က အဲဒီ တိုက်ခန်းတွဲ အောက်ကနေ ဒီကနေ့ တနင်္လာနေ့မှာ အဲဒီ မိန်းကလေးငယ် နဲ့အတူ သူ့ရဲ့ အဒေါ် အပါအဝင် တခြား ၃ ဦးကိုလည်း ကယ်ထုတ် နိုင်ခဲ့ပါတယ်။ တနင်္ဂနွေနေ့ ညပိုင်းအထိ လူ ၃၁၀ ကို ကယ်ဆယ် နိုင်ခဲ့တယ်လို့ အရာရှိတွေက ပြောခဲ့ပြီး အခု တနင်္လာနေ့မှာ ၄ ဦးကို ထပ်မံ ကယ်တင် နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် လူ ၁၀၀ ကျော်ကတော့ အပျက်အစီးတွေ အောက်မှာ ဆက်လက် ရှိနေဆဲ ဖြစ်ပြီး ကယ်တင်နိုင်ဖို့ ကြိုးစား နေကြဆဲ ဖြစ်ပါတယ်။

စနေနေ့က လှုပ်ခဲ့တဲ့ ပြင်းအား ၆.၄ ရှိ ငလျင်ကြောင့် ခုချိန်အထိ ၃၈ ဦး သေဆုံးကြောင်း အတည်ပြု နိုင်ပြီး ဖြစ်ပါတယ်။

၁၇ ထပ် ရှိတဲ့ အဲဒီ တိုက်ခန်းတွဲ အဆောက်အအုံဟာ ထိုင်ဝမ်မှာ တရုတ် နှစ်သစ်ကူး အကြို စတင် ဆင်နွှဲနေချိန်၊ ပြီးခဲ့တဲ့ စနေနေ့ မနက် လင်းအားကြီး အချိန်က ပြိုကျခဲ့တာ ဖြစ်ပါတယ်။

အဆောက်အအုံ ပြိုကျမှုနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှု တစ်ခုကိုလည်း စတင် ပြုလုပ်နေပြီလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ