တူရကီ ကမ်းလွန်မှာ လှေ ၂စီး ထပ်မြုပ်၊ ၃၅ ဦးသေ

  • 8 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် AP
Image caption တူရကီဘက်ခြမ်း ပုံပါ ကမ်းခြေနေရာကနေ စတင် ထွက်ခွာခဲ့တဲ့ ရွှေ့ပြောင်းသူ ရာပေါင်းများစွာ သေဆုံးခဲ့ပြီးဖြစ်။

ဂရိ ဘက်ကို ကူးလာတဲ့ ရွှေ့ပြောင်းသူတွေရဲ့ လှေ ၂ စီး ထပ်မံ နစ်မြုပ်ခဲ့လို့ အနည်းဆုံး ၃၅ ဦး သေဆုံးတယ်လို့ တူရကီ မီဒီယာတွေက ပြောပါတယ်။

လှေတစ်စီးက ဂရိပိုင် လက်စ်ဘိုး ကျွန်းအနီးမှာ နစ်မြုပ်ခဲ့တာ ဖြစ်ပြီး ၂၄ ယောက် သေဆုံးတယ်လို့ တူရကီ သတင်းဌာန နှစ်ခုက ပြောပါတယ်။

နောက်တစ်ခါ တောင်ပိုင်းက တူရကီ အပန်းဖြေမြို့ ဖြစ်တဲ့ ဒီကီလီမြို့ ကမ်းခြေအနီးမှာ လူ ၁၁ ဦးရဲ့ အလောင်းတွေကို သီးခြား ထပ်မံ တွေ့ရှိရတယ်လို့ ဒိုဂန် သတင်းဌာနက ပြောပါတယ်။

ဖေဖော်ဝါရီ ၅ ရက်နေ့အထိ အသေအပျောက် စာရင်းတွေ အရ အခု ၂၀၁၆ ထဲမှာ ရွှေ့ပြောင်းသူ အနည်းဆုံး ၃၇၄ ယောက် သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ နိုင်ငံတကာ လူဝင်မှု အဖွဲ့ IOM က ပြောပါတယ်။

တူရကီကနေ ဂရိကို ရေလမ်းကနေ ဖြတ်ကူးတဲ့ လမ်းကြောင်းဟာ ဥရောပကို ဝင်ရောက်ရာမှာ ရွှေ့ပြောင်းသူတွေ အသုံးများတဲ့ လမ်း ဖြစ်ပါတယ်။

ဥရောပကို ဝင်လာနေတဲ့ ရွှေ့ပြောင်းသူ အရေအတွက်ကို လျှော့ချဖို့အရေး ဆွေးနွေးဖို့ ဂျာမန် ဝန်ကြီးချုပ် အန်ဂျလာ မာ့ကဲလ် တူရကီကို ရောက်ရှိ နေစဉ်အတွင်း အခုလို အသေအပျောက် သတင်းတွေ ထပ်မံ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ