ဂျာမနီ လူစီးရထားနှစ်စီး တိုက်မိ၊ လူအချို့ သေဆုံး

  • 9 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ရထား နှစ်စီး ခေါင်းချင်းဆိုင် တိုက်မိလို့ တွဲအချို့ အနည်းငယ် လမ်းချော်ခဲ့။

ဂျာမနီ နိုင်ငံ တောင်ပိုင်းက ဘာဗေးရီးယား ပြည်နယ်မှာ ခရီးသည်တင် ရထား ၂ စီး မျက်နှာချင်းဆိုင် တိုက်မိတဲ့ အတွက် အနည်းဆုံး လူ ၉ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာ ရခဲ့ပါတယ်။

ဒေသအချိန် အင်္ဂါနေ့ မနက်ပိုင်း၊ မြူးနစ်မြို့ အရှေ့တောင်ဘက် ၃၇ မိုင် အကွာ၊ Bad Aibling မြို့ အနီးမှာ ရထားနှစ်စီး တိုက်မိတာ ဖြစ်ပါတယ်။

ဒဏ်ရာရသူ လူ တစ်ရာ လောက် ရှိပြီး လူ ၅၀ လောက်က အခြေအနေ စိုးရိမ်ရတယ်လို့ ဒေသခံ ရဲတပ်ဖွဲ့က ပြောပါတယ်။

အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တွေက ဒဏ်ရာရသူတွေကို ကယ်ထုတ်ပြီး ရဟတ်ယာဉ်တွေနဲ့ ဆေးရုံကို ပို့ဆောင် နေပါတယ်။

သေဆုံးသူ ၉ ဦးထဲမှာ ရထား နှစ်စီးက ဒရိုင်ဘာ နှစ်ယောက်စလုံး ပါဝင်ပြီး တွဲစောင့် နှစ်ယောက်လည်း ပါဝင်တယ်လို့ ရဲတွေက ပြောပါတယ်။

ရထား နှစ်စီး တိုက်မိရတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ