သမ္မတလောင်း ရွေးပွဲ နယူးဟမ့်ရှိုင်းယား စတင်

  • 9 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption Dixville Notch မြို့ငယ်လေးမှာ အစဉ်အလာအတိုင်း ညသန့်ခေါင်အချိန် မဲပေးခဲ့ကြ။

အမေရိကန် ပြည်ထောင်စုမှာ ပါတီ ကိုယ်စားပြု သမ္မတလောင်း ရွေးချယ်မှုတွေရဲ့ ဒုတိယမြောက် ပြည်နယ်အဆင့် ရွေးကောက်ပွဲ တွေကို နယူး ဟမ့်ရှိုင်းယား ပြည်နယ်မှာ ပြုလုပ် နေပါတယ်။

ရီပက်ဘလီကန် ပါတီ မှာတော့ ပြီးခဲ့တဲ့ အိုင်အိုဝါ ပြည်နယ် ရွေးကောက်ပွဲမှာ ဆီနိတ်တာ တက်ဒ် ခရုဇ်ကို ရှုံးခဲ့တဲ့ ဒေါ်နယ် ထရမ့်က ဒီပြည်နယ်မှာတော့ ရလဒ်ကောင်းတွေ ရဖို့ မျှော်လင့် နေပါတယ်။

ဒီမိုကရက်တစ် ပါတီ မှာတော့ ဘာနီ ဆန်းဒါးစ်နဲ့ ဟီလာရီ ကလင်တန် တို့အကြား အဓိက ယှဉ်ပြိုင်ရမယ့် အခြေအနေ ရှိနေပါတယ်။ ပြီးခဲ့တဲ့ အိုင်အိုဝါ ပြည်နယ်မှာတော့ မစ္စက် ကလင်တန်က ပွတ်ကာသီကာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

နယူး ဟမ့်ရှိုင်းယား ပြည်နယ် အတွက် ပထမဆုံး အဖြစ် လူဦးရေ ဆယ်ဂဏန်းသာ ရှိတဲ့ မြို့ငယ်ကလေး Dixville Notch မှာ တနင်္လာနေ့ည သန်းခေါင်ယံ အချိန်က မဲပေးခဲ့ကြပြီး ဒီမိုကရက် အတွက် ဘာနီ ဆန်းဒါးစ်နဲ့ ရီပက်ဘလီကန် အတွက် ဂျွန် ကေဆစ် တို့ အနိုင်ရခဲ့ပါတယ်။

နယူး ဟမ့်ရှိုင်းယား ပြည်နယ် ဥပဒေအရ လူဦးရေ တစ်ရာ အောက်သာ ရှိတဲ့ မြို့တွေ အနေနဲ့ ညသန်းခေါင် အချိန်မှာ မဲပေးဖို့ လျှောက်ထား နိုင်တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ