မက္ကဆီကို ထောင်ဆူမှု ၅၂ ဦး သေဆုံး

  • 11 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption အကျဉ်းသား အချို့ လွတ်မြောက် သွားကြတယ် ဆိုတဲ့ သတင်းတွေ ထွက်နေ။

မက္ကဆီကို နိုင်ငံ မြောက်ပိုင်း၊ မွန်တယ်ရေး မြို့အနီးက တိုပိုချီကို အကျဉ်းထောင်မှာ ထောင်ဆူမှုနဲ့ မီးရှို့မှုတွေ ဖြစ်ခဲ့လို့ ၅၂ ဦး သေဆုံးတယ်လို့ သတင်းတွေ ရရှိပါတယ်။

ထောင်သားတွေ ထဲက ပြိုင်ဘက် ဂိုဏ်းနှစ်ဂိုဏ်း အကြား အကြမ်းဖက် တိုက်ခိုက် ရာက စတင်ခဲ့တာ ဖြစ်ပြီး ဒဏ်ရာရသူ ၁၂ ဦး ရှိတယ်လို့ နွယ်ဗိုလီယွန် ပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အခုတော့ အခြေအနေတွေကို ထိန်းချုပ် လိုက်နိုင်ပြီး ထောင်ကနေ လွတ်သွားတဲ့ အကျဉ်းသားလည်း မရှိဘူးလို့ အရာရှိတွေက ပြောပါတယ်။

ထောင်အပြင်က လမ်းတွေမှာ ထောင်သားတွေကို စိတ်ပူကြတဲ့ မိသားစုဝင် တွေနဲ့ ပြည့်နှက် နေခဲ့ပြီး လုံခြုံရေးတွေက တားဆီး ထားခဲ့ရပါတယ်။

ဒီအဖြစ်အပျက်ဟာ မက္ကဆီကို မြောက်ပိုင်းက စယီဒက် ဂျွာရက်ဇ် မြို့မှာ ရှိတဲ့ အကျဉ်းထောင် တစ်ခုကို ပုပ်ရဟန်းမင်း ဖရန်စစ် အလည်အပတ် လာရောက်ဖို့ ရှိနေချိန် ရက်ပိုင်း အလိုမှာ ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ