ဇီကာစစ်ဆင်ရေး စစ်သား၂သိန်းကျော် စေလွှတ်

  • 13 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် EPA
Image caption ဇီကာတားဆီးရေး ဘရာဇီးစစ်သား နှစ်သိန်းကျော် လမ်းတွေပေါ်မှာ တပ်ဖြန့်စေလွှတ်

ဇီကာဗိုင်းရပ်စ် အကြောင်း အသိပေးတားဆီးဖို့ ဘရာဇီးစစ်သား နှစ်သိန်းကျော်ကို နေရာအနှံ့ အပြား တပ်ဖြန့်စေလွှတ်လိုက်ပါတယ်။

အဆိုပါစစ်သားတွေဟာ ဇီကာဗိုင်းရပ်စ် ကူးစက်စေတဲ့ ခြင်ကို ဘယ်လိုနှိမ်နှင်းရမယ်ဆိုတဲ့ သတင်းအချက်အလက်တွေ ပါတဲ့ လက်ကမ်းစာစောင်တွေကို သက်ဆိုင်ရာဒေသက အိမ်တွေကိုဖြန့်ဝေသွားကြမှာ ဖြစ်ပါတယ်။

ဇီကာ ဗိုင်းရပ်စ် ကို ကုသ နိုင်တဲ့ ဆေးမတွေ့ရှိမခြင်း လူတွေကိုသတိပေးရုံက လွဲလို့ အခြား နည်း လမ်း မရှိဘူးလို့ ဘရာဇီး သမ္မတ ဂျီမာရူးဆက်ဖ်က ပြောပါတယ်။ ဘရာဇီးနိုင်ငံက ကလေးပေါင်း လေးသောင်း ကျော်ဟာ ဇီကာ ဗိုင်းရပ်စ် နဲ့ ဆက်နွယ်တဲ့ မွေးရာပါ ဦးနှောက်ချို့တဲ့မှု ရောဂါကိုခံစားနေရကြောင်း ကျန်းမာရေးဝန်ကြီးက အတည်ပြု ပြောကြားခဲ့ပါတယ်။

ခြင်ကနေ တဆင့် ပျံ့ပွားတဲ့ ဒီဗိုင်းရပ်စ်ကို တောင်နဲ့ မြောက် အမေရိက တခွင်က လူ ၄ သန်းလောက်အထိ ကူးစက် နိုင်တယ်လို့ ပြီးခဲ့တဲ့ WHO က သီတင်းပတ်က သတိ ပေးခဲ့ပါတယ်။

ဘရာဇီးမှာ ခြင်ပေါက်ပွားတဲ့ နေအိမ်တွေအတွင်းကို အာဏာပိုင်တွေ အတားအဆီးမရှိ ဝင်ရောက်နိုင်ခွင့်ကို ဘရာဇီးသမ္မတက အစောပိုင်းက ကြေညာခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ