မက္ကဆီကိုထဲက မူးယစ်ပြဿနာကို ပုပ်ရဟန်းမင်းကြီး ဝေဖန်

  • 13 ဖေဖော်ဝါရီ 2016
_pope_francis_arrives_in_mexico_
Image caption ကက်သလစ် ကျောင်းတော် အနေနဲ့ ထိရောက်မှု မရှိတဲ့ တာဝန်ကျေ ပြစ်တင် ပြောဆိုမှု တွေ ရဲ့ နောက်ကွယ် ပုန်းကွယ် နေလို့ မရ။

မက္ကဆီကို နိုင်ငံမှာ ရှိတဲ့ ကက်သလစ် ကျောင်းတော် အနေနဲ့ နိုင်ငံထဲ ဖြစ်ပေါ် နေတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကား နေမှု တွေ အပေါ် ပြစ်တင် ရှုတ်ချ ပြောဆို တာ မျိုး သက်သက် ထက် ပိုပြီး အရေးယူ ဆောင်ရွက် ဖို့ လိုတယ် လို့ ပုပ်ရဟန်း မင်းကြီး ဖရန်စစ် က ပြောပါတယ်။

မက္ကဆီကို နိုင်ငံ မှာ ပုပ်ရဟန်းမင်းကြီး ၅ ရက်ကြာ ခရီးစဉ် အနေနဲ့ ရောက်ရှိ နေပါတယ်။

မူးယစ် ကုန်သွယ် မှု ဟာ မက္ကဆီကို လူ့ အဖွဲ့အစည် ကို ဖျက်ဆီး နေတဲ့ ကင်ဆာ ရောဂါ ပဲ လို့ ပုပ်ရဟန်း မင်းကြီး က ဆိုခဲ့ သလို၊ လူငယ်လူရွယ် တွေ အတွက် စိန်ခေါ်မှု အပေးဆုံး ပြဿနာ တစ်ရပ် လည်း ဖြစ်တယ် လို့ ပုပ် ဖရန်စစ် က ပြောပါတယ်။

ဖြစ်ပေါ် နေတဲ့ မူးယစ်ဆေးဝါး ပြဿနာ ရဲ့ အတိုင်းအတာ ပမာဏ ကိုကြည့်ရင် ကက်သလစ် ကျောင်းတော် အနေနဲ့ ထိရောက်မှု မရှိတဲ့ တာဝန်ကျေ ပြစ်တင် ပြောဆိုမှု တွေ ရဲ့ နောက်ကွယ် ပုန်းကွယ် နေလို့ မရ တော့ဘူး ဆိုပြီး တော့လည်း ပုပ်ရဟန်း မင်းကြီး က သတိပေး ပါတယ်။

ဒါ့အပြင် လူ့ အဖွဲ့အစည်း တစ်ရပ်ကို ကိုယ်ကျိုး ရှာ လောဘ သက္ကာရ နဲ့ အတ္တ တရား က ဦးဆောင် နေမယ် ဆိုရင် အဲဒီ့ လူ့ အဖွဲ့အစည်းဟာ အကျင့်ပျက် ခြစားမှု တွေ၊ အကြမ်းဖက်မှု တွေ နဲ့ မူးယစ်ဆေးဝါး ပြဿနာ တွေ ပေါက်ဖွား လာစေဖို့ ရေခံ မြေခံ ကောင်းကြီး သဖွယ် ဖြစ်နေ မှာပဲ လို့ ပုပ်ရဟန်း မင်းကြီး က သတိပေး ပြောကြား ခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ