ပုပ်ရဟန်းမင်းကြီးကို မက်ဆီကိုမှာ လူသိန်းနဲ့ချီကြို

  • 13 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ပုပ်ရဟန်းမင်းကို မက်ဆီကိုမှာ လူသိန်းနဲ့ချီ ကြိုဆို

မက်ဆီကိုမှာ ၅ရက်ကြာအလည်အပတ်ခရီးရောက်ရှိနေတဲ့ ပုရဟန်းမင်းကြီး ဖရန်စစ် ကို သုံးသိန်းကျော်တဲ့ လူထုကြီးက ကြိုဆိုခဲ့ကြပါတယ်။ မက်ဆီကိုသမ္မတ အန်ရီကေးပီနာနီယာတို ကလည်း လေဆိပ်မှာပုပ်ရဟန်းမင်းကြီးကို သွားကြို ခဲ့ပါတယ်။

သူ့ရဲ့ဒီခရီးစဉ်အတွင်းမှာ မက်ဆီကိုရဲ့ ဆင်းရဲသားအများစုနေထိုင်တဲ့ ချီယာပက်စ်ပြည်နယ်မှာ တရားဟောဖို့ရှိသလို မူးယစ်ဂိုဏ်းတွေ ကြီးဆိုးတဲ့နေရာတွေကိုလည်း အလည်အပတ်သွားဖို့အစီအစဉ်ရှိပါတယ်။

လူဦးရေ ၁၂၂သန်းကျော်နေထိုင်တဲ့ မက်ဆီကို နိုင်ငံဟာ ကမ္ဘာ့ ဒုတိယအများဆုံးရိုမဲန် ကက်သလစ် ဘာသာဝင်တွေနေထိုင်တဲ့တိုင်းပြည်တစ်ပြည်ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ မက်ဆီကိုကိုမလာခင် ရုရှ အော်သိုဒေါ့စ်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကေရယ်လ် နဲ့ ကျူးဘား နိုင်ငံမြို့တော် ဟာဗားနားမှာတွေ့ဆုံခဲ့ပါသေးတယ်။

ခရစ်ယာန် ဘာသာထဲ နှစ် ပေါင်းတစ်ထောင် နီးပါးအရှေ့ခြမ်း နဲ့ အနောက်ခြမ်းကွဲပြား နေတဲ့ ကျောင်းတော်နှစ်ခု ရဲ့ အရေး တွေကို ခေါင်းဆောင်နှစ်ဦး ပွင့်ပွင့်လင်းလင်း ဆွေးနွေး ခဲ့ ကြပြီး၊ ကျောင်းတော် နှစ်ခု အတူတကွ အလုပ်လုပ် သွား နိုင်မယ်လို့ မျှော်လင့်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဆိုခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ