ဆီးရီးယားထဲ ရုရှားပြုလုပ်နေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အနောက်အုပ်စု ပြင်းပြင်းထန်ထန် ဝေဖန်

  • 13 ဖေဖော်ဝါရီ 2016
russia_syria
Image caption ဆီးရီး နိုင်ငံထဲ အပစ်ရပ် သဘောတူမှု ကို အကောင်အထည် ဖော်နိုင်ဖို့ ဆိုရင် ရုရှားရဲ့ အပြုအမူ တွေ ပြောင်းလဲမှ ဖြစ်မယ်။

ဆီးရီးယား နိုင်ငံထဲမှာ ပြုလုပ် နေတဲ့ လေကြောင်း တိုက်ခိုက်မှု တွေ နဲ့ ပတ်သက်ပြီး ပြန်လည် စဉ်းစား သုံးသပ် မှု တွေ ပြုလုပ်ပါ ဆိုပြီး ရုရှား ကို အနောက် နိုင်ငံတွေ အုပ်စု က တောင်းဆို လိုက်ပါတယ်။

အစ္စလာမစ် အစွန်းရောက် တွေ မဟုတ် ကြတဲ့ ဆီးရီးယား သူပုန် အုပ်စု တွေ နဲ့ အရပ်သား တွေ ကို အဓိက ပစ်မှတ် ထားပြီး ရုရှား က ဗုံးကြဲ နေတာ ဖြစ်တယ် လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က ပြောပါတယ်။

ဆီးရီး နိုင်ငံထဲ အပစ်ရပ် သဘောတူမှု ကို အကောင်အထည် ဖော်နိုင်ဖို့ ဆိုရင် ရုရှားရဲ့ အပြုအမူ တွေ ပြောင်းလဲမှ ဖြစ်မယ် လို့လည်း ဝန်ကြီး ကယ်ရီ က ဆိုပါတယ်။

ဘာသာရေး အစွန်းရောက် မဟုတ်ကြပဲ အလယ်အလတ် သဘောထား ရှိကြတဲ့ ဆီးရီးယား အတိုက်အခံ အဖွဲ့တွေ ကို ရုရှား က တိုက်ခိုက် နေတာ ရပ်ဖို့ ဗြိတိန်ကလည်း တောင်းဆို ပါတယ်။

ဒါပေမယ့် ရုရှားအစိုးရ ကတော့ သူတို့ဟာ အစွန်းရောက် အဖွဲ့တွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်တယ် လို့ ပြောနေပါတယ်။

ရုရှား နဲ့ အနောက်အုပ်စု အကြား လက်ရှိ ဖြစ်ပေါ် နေတဲ့ တင်းမာမှု တွေဟာ စစ်အေးခေတ် ပုံစံမျိုးဆီ နောက်တခါ ပြန်ရောက် အောင် တွန်းလွှတ်နေသလို ဖြစ်နေပြီ လို့ ရုရှား ဝန်ကြီးချုပ် ဒီမီထြီး မက်ဗရေးဒက်ဗ် က ဆိုပါတယ်။

တခါ၊ ဆီးရီးယား နိုင်ငံ မြောက်ပိုင်း ကာ့ဒ် မျိုးနွယ်စု လက်နက်ကိုင် တွေ ရှိတဲ့ နေရာတွေ ကို တူရကီ စစ်တပ် က လက်နက်ကြီး တွေ နဲ့ ပစ်ခတ် ခဲ့တယ် ဆိုတဲ့ သတင်းတွေ ရရှိ ထားပါတယ်။

တူရကီက ပစ်မှတ် ထား တိုက်ခိုက် ခဲ့တဲ့ နေရာ တွေထဲ ကာ့ဒ် လက်နက်ကိုင် အုပ်စု တစ်ခု ဖြစ်တဲ့ YPG ကနေ ပြီးခဲ့တဲ့ ကြာသာပတေး နေ့တုန်းက သိမ်းပိုက် ထားတဲ့ မီးနက်ဂ် လေတပ် စခန်းလည်း ပါဝင် ပါတယ်။

YPG အဖွဲ့ဟာ တူရကီ နိုင်ငံထဲက ကာ့ဒ် သူပုန် တွေ နဲ့ ဆက်စပ်နေတယ် လို့ တူရကီ အစိုးရ က သတ်မှတ် ထားပါတယ်။

ဆီးရီးယား နိုင်ငံထဲ က ကာ့ဒ် လက်နက်ကိုင် တွေ ဟာ ဒီ့ပြင့် မျိုးနွယ်စု တွေ ဖြစ်တဲ့ အာရပ် တွေ နဲ့ တာ့ခ်မင် တွေ ကို စစ်ရာဇဝတ်မှု မျိုး မြောက်တဲ့ အတိုင်းအတာ အထိ ရောက်အောင် တိုက်ခိုက် နေတယ် လို့ တူရကီ ဝန်ကြီးချုပ် အာမက် ဒါဗူးတော်လူး က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ