အာဖဂန် သေဆုံးစာရင်း ကုလ ထုတ်ပြန်

  • 14 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၁၅နှစ်မှာ မှတ်တမ်းတင်ထားတဲ့စာရင်းအရ အမြင့်ဆုံး

အာဖဂန်နိုင်ငံမှာဖြစ်နေတဲ့ ပဋိပက္ခတွေအတွင်းအရပ်သားတွေ သေဆုံးဒဏ်ရာရသူ ၂၀၁၅နှစ်မှာ မှတ်တမ်းတင်ထားတဲ့စာရင်းအရ အမြင့်ဆုံးဖြစ်တယ်လို့အာဖဂန်ရှိကုလသမဂ္ဂမစ်ရှင်ကထုတ်ပြန်ကြေညာပါတယ်။

အရင်နှစ်တွေကထက်စာရင် အခုနှစ်မှာ အရပ်သားသေဆုံးဒဏ်ရာရမှုတွေပိုများလာတာဟာ လူနေအိမ်ခြေထူထပ်တဲ့နေရာတွေမှာ တိုက်ပွဲတွေဖြစ်တာအပါအဝင် အသေခံဗုံးပေါက်ခွဲမှုနဲ့တခြားတိုက်ခိုက်မှုတွေပါဝင်တယ် လို့ ကုလသမဂ္ဂရဲ့အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။

အရေးကြီးဆုံးတွေ့ရှိချက်ကတော့ အာဖဂန်နစ်စ္စတန် သာမန်အရပ်သားပေါင်း ၁သောင်းတထောင်၂ယောက်ထိခိုက်သေကြေဒဏ်ရာရပြီး မနှစ်ကထက်၄ရာခိုင်နှုန်းပိုတိုးလာတယ်လို့ပြောပါတယ်။

အဲဒီထဲမှာ ၄ယောက်ထိခိုက်သေဆုံးရင် ကလေးတယောက်ပါဝင်ပါတယ်။

၂၀၁၁ခုနှစ်က အာဖဂန်ကနေ နိုင်ငံတကာတပ်တွေရုပ်သိမ်းပြီး ၂၀၁၄ဒီဇင်ဘာမှာနေတိုးအဖွဲ့ကတရားဝင်စစ်ဆင်ရေးရက်လိုက်ကတည်းက အရပ်သားသေဆုံးမှု တနှစ်ထက်တနှစ်ပိုများလာပါတယ်။

အမျိုးသမီးထိခိုက်သေဆုံးသူ ၃၇ရာနှုန်းအထိတက်လာပြီးကလေးကတော့ ၁၄ရာနှုန်းတိုးလာပါတယ်။

လက်နက်ကိုင်တွေကြောင့်ထိခိုက်သေဆုံးမှုနည်းနည်းကျသွားပေမယ့် စုစုပေါင်းရဲ့၆၀ရာနှုန်းကျော်ရှိပါတယ်။

နေတိုးအပါအဝင်အစိုးရကိုထောက်ခံတဲ့တပ်ဖွဲ့ဝင်တွေကြောင့်သေကြေဒဏ်ရာရသူတွေလည်း၄၀ရာခိုင်နှုန်းကျော်ရှိပါတယ်။

ဒါဟာ အာဖဂန်လုံခြုံရေးတပ်ဖွဲ့တွေရဲ့မြေပြင်တိုက်ပွဲတွေနဲ့ လေကြောင်းကစစ်ဆင်မှုတွေကြောင့်ဖြစ်တာလို့ အာဖဂန်ရှိကုလသမဂ္ဂတာဝန်ရှိသူတွေကပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ