တရုတ် စတော့ စျေးကွက် ဒီနေ့ ပြန်ဖွင့်မယ်

  • 14 ဖေဖော်ဝါရီ 2016
hou_xiaochuan ဓာတ်ပုံ မူပိုင် Getty
Image caption တရုတ် နိုင်ငံ အနေနဲ့ ဘဏ္ဍာရေး ပရောဟိတ် တွေ ရဲ့ ဩဇာ အလွှမ်း ခံမှာ မဟုတ်ဘူး လို့ ဗဟိုဘဏ် ဥက္ကဌ ကျိုရှောင်ချွမ်း ပြော။

တရုတ် နှစ်သစ်ကူး ကာလ သီတင်းတစ်ပတ်ကြာ ပိတ်ထားတဲ့ တရုတ် စတော့ ရှယ်ယာ စျေးကွက် ကို တနင်္လာနေ့ ပြန်လည် ဖွင့်လှစ် တော့မှာ ဖြစ်ပါတယ်။

တရုတ် ရဲ့ ယွမ် ငွေကြေးတန်ဖိုး ကတော့ ဆက်လက် ကျဆင်း နေပြီး နိုင်ငံတကာ က ဘဏ္ဍာရေး ဆိုင်ရာ သုံးသပ် သူတွေ ဟာ တရုတ် ရွမ်ငွေ အပေါ် တမင် ပစ်မှတ်ထားပြီး မဟုတ်မမှန် ခန့်မှန်းချက် တွေ ထုတ်နေ ကြတယ်လို့ တရုတ် ဗဟိုဘဏ် ဥက္ကဌ က အစောပိုင်း တုန်းက စွပ်စွဲ ခဲ့ ပါတယ်။

မှန်းဆ ပြောဆိုချက် တွေ ကြောင့်သာ ရွမ်ငွေ တန်ဖိုး ဆက်လက် ကျဆင်း နေရတာ ဖြစ်ပြီး တရုတ် ငွေကြေး တန်ဖိုး ကျဆင်း စရာ တခြား ဘာ အကြောင်းမှ ရှိမနေဘူး လို့လည်း ဗဟိုဘဏ် ဥက္ကဌ ကျိုရှောင်ချွမ်း က ဆိုပါတယ်။

စျေးကွက် အပေါ် ဘယ်လောက် ယုံကြည် စိတ်ချ ရမလဲ ဆိုတဲ့ အတိုင်းအတာ အပေါ် တရုတ် နိုင်ငံ အနေနဲ့ ဘဏ္ဍာရေး ပရောဟိတ် တွေ ရဲ့ ဩဇာ အလွှမ်း ခံမှာ မဟုတ်ဘူး လို့ လည်း မစ္စတာ ကျို က ထပ်လောင်း ပြောပါတယ်။

တရုတ် ငွေကြေး တန်ဖိုး ဆက်လက် မကျဆင်းရ အောင် တရုတ် အစိုးရ အနေနဲ့ သူတို့ရဲ့ နိုင်ငံခြား အရံငွေ တွေ အဆုံးရှုံးခံပြီး ကာကွယ် နေရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ