စိတ်ကြွဆေး သန်း ၇၀၀ ဖိုး သြစတြေးလျ ဖမ်းမိ

  • 15 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် EPA
Image caption ရင်သား အတုတွေထဲ မက်သာဖက်တမင်း အရည်တွေ ထည့်သယ်လာ။

သြစတြေးလျ နိုင်ငံမှာ ရင်သား အတုတွေထဲ ထည့်သယ်လာတဲ့ မက်သာဖက်တမင်း စိတ်ကြွဆေး အရည် ကာလပေါက်စျေး ဒေါ်လာ သန်း ၇၀၀ ဖိုးလောက်ကို ဖမ်းဆီး မိခဲ့တယ်လို့ ဆစ်ဒနီမြို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီလို ဖမ်းမိ ခဲ့တာကြောင့် တရုတ် နိုင်ငံသား တစ်ဦးနဲ့ ဟောင်ကောင်သား ၃ ဦးတို့ ထောင်ဒဏ် တစ်သက် ကျခံရမယ့် အခြေအနေ ရှိနေပါတယ်။

မက်သာဖက်တမင်း စိတ်ကြွဆေး အရည် ဂါလံ ၁၆၀ လောက်ကို ဖမ်းမိခဲ့တာ ဖြစ်ပြီး အဲဒါတွေကို ဟောင်ကောင်ကနေ တင်သွင်း လာတာလို့ သြစတြေးလျ အာဏာပိုင်တွေက ပြောပါတယ်။

သြစတြေးလျ နိုင်ငံရဲ့ အကျိုးအမြတ် များတဲ့ အိုက်စ် ခေါ် စိတ်ကြွဆေး စျေးကွက်ကို ရာဇဝတ် ဂိုဏ်းတွေက ဝင်ရောက် ထိုးဖောက်ဖို့ ကြိုးစား လာတယ်လို့ သြစတြေးလျ တရားရေး ဝန်ကြီး Michael Keenan က ပြောပါတယ်။

အခု ဖမ်းဆီးရမှုဟာ သြစတြေးလျမှာ ပမာဏ အများဆုံး ဖမ်းမိမှုတွေထဲ တစ်ခု အပါအဝင် ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ