အစ္စရေး ဝန်ကြီးချုပ်ဟောင်း ထောင်ဒဏ် စတင်ကျခံ

  • 15 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption လာဘ်ယူတယ် ဆိုတဲ့ စွဲချက်တွေကို မစ္စတာ အိုလ်မတ်က ငြင်းဆိုခဲ့။

အစ္စရေး ဝန်ကြီးချုပ်ဟောင်း အီဟွတ် အိုလ်မတ် ဟာ သူ့ရဲ့ ထောင်ဒဏ် ၁၉ လ ပြစ်ဒဏ်ကို စတင် ကျခံလိုက်ပြီး အစ္စရေးမှာ ထောင်ချ ခံရတဲ့ ပထမဆုံး ဝန်ကြီးချုပ်ဟောင်း ဖြစ်လာပါတယ်။

သူဟာ ဂျေရုဆလင် မြို့ဝန် ဘဝမှာ လာဘ်စားမှုတွေ ရှိခဲ့တယ် ဆိုတဲ့ စွဲချက်တွေ အတွက် ၂၀၁၄ ခုနှစ်မှာ ထောင်ဒဏ် ၆ နှစ် ချမှတ် ခံခဲ့ရတာပါ။

အဲဒီ ပြစ်ဒဏ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ ထောင်ဒဏ် ၁၈ လ အထိ လျှော့ပေးခဲ့ပြီး တရားခွင် နှောင့်ယှက်မှုနဲ့ တစ်လ အပိုဆောင်းကာ ၁၉ လ ပြစ်ဒဏ် ဖြစ်လာတာပါ။

အသက် ၇၀ ရှိပြီဖြစ်တဲ့ အီဟွတ် အိုလ်မတ်ဟာ ဒီကနေ့ တနင်္လာနေ့မှာ အကျဉ်းထောင်ကို ရောက်လာခဲ့ပြီး၊ သူ အပြစ်မရှိကြောင်း ပြောဆိုထားတဲ့ ဗီဒီယိုကိုလည်း အကျဉ်းထောင်ကို ရောက်မလာမီ နာရီပိုင်း အလိုမှာ ထုတ်ပြန် ခဲ့ပါတယ်။

အီဟွတ် အိုလ်မတ်ဟာ အေရီရယ် ရှရွန် ပြီးနောက် ၂၀၀၆ ခုနှစ်မှာ ဝန်ကြီးချုပ် ဖြစ်လာသူ ဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာ ရာထူးက နုတ်ထွက် သွားခဲ့သူ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ