မက္ကဆီကို ဌာနေ လူမျိုးစုတွေကို ပုပ်ရဟန်းမင်းကြီး တောင်းပန်

  • 15 ဖေဖော်ဝါရီ 2016
pope_chiapas
Image caption ချီရားပတ်စ် ပြည်နယ် ထဲမှာ ဌာနေ ဘာသာစကား ၃ မျိုး သုံးစွဲပြီး စုပေါင်း ဝတ်ပြု ဆုတောင်းပွဲ ကို ပုပ် ဖရန်စစ် ဦးဆောင် ပြုလုပ်။

မက္ကဆီကို နိုင်ငံ က ဌာနေ တိုင်းရင်းသား တွေ ကို ကက်သလစ် အသိုင်းအဝိုင်း ထဲက နေ ဖယ်ထုတ် ထား သလို မျိုး ဖြစ်ခဲ့တာ တွေ အတွက် ခွင့်လွှတ် ပါဆိုပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ် က တောင်းပန် ခဲ့ ပါတယ်။

မက္ကဆီကို ဌာနေ ဘာသာစကား တွေ သုံးစွဲပြီး ဝတ်ပြု ဆုတောင်းခွင့် ကို ဗာတီကန် က ခွင့်ပြုချက် ပေးခဲ့ ပြီး တဲ့ နောက် ချီရားပတ်စ် ပြည်နယ် ထဲမှာ ဌာနေ ဘာသာစကား ၃ မျိုး သုံးစွဲပြီး စုပေါင်း ဝတ်ပြု ဆုတောင်းပွဲ ကို ပုပ် ဖရန်စစ် ဦးဆောင် ပြုလုပ် ခဲ့ ပါတယ်။

ဒီပွဲ မှာတော့ ပုပ်ရဟန်းမင်းကြီးက ကမ္ဘာကြီးဟာ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု နဲ့ ကြုံတွေ့ နေရပြီ ဖြစ်တယ်လို့ ပြောဆို ခဲ့ပါတယ်။

သဘာဝ တရား အပေါ် အင်မတန် မှာ မြတ်နိုး တန်ဖိုးထား တတ်ကြတဲ့ မက္ကဆီကို ဌာနေ တိုင်းရင်းသား တွေ ဘက်က ကမ္ဘာကြီး ကို သင်ကြား ပေး နိုင်တာ အများကြီး ရှိနေတယ်လို့ လည်း ပုပ်ရဟန်းမင်းက တရားနာ ပရိတ်သတ် ကို ပြောကြား ခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ