ဆီးရီးယား ဗုံးကြဲမှုတွေ ဆက်ဖြစ်၊ ဆေးရုံ နှစ်ရုံ ထိမှန်

  • 15 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption မာရတ် အယ်လ် နူမန် မြို့မှာ MSF အဖွဲ့ လည်ပတ်တဲ့ ဆေးရုံ ထိမှန် ပျက်စီးခဲ့။

ဆီးရီးယား နိုင်ငံ မြောက်ပိုင်းမှာ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဆေးရုံ နှစ်ရုံ ထိမှန်ခဲ့ပြီး အသေအပျောက် အများအပြား ရှိခဲ့တယ်လို့ မျက်မြင် သက်သေတွေနဲ့ ဆရာဝန်တွေက ပြောပါတယ်။

တူရကီနဲ့ နယ်စပ်က အာဇက်ဇ် မြို့မှာ ဆေးရုံ အဆောက်အအုံထဲက လူတွေ အပါအဝင် အနည်းဆုံး ၁၀ ဦး သေဆုံးတယ်လို့ သတင်းတွေက ဆိုပါတယ်။

နောက်တစ်မြို့ ဖြစ်တဲ့ မာရတ် အယ်လ် နူမန် မြို့မှာလည်း ဆေးရုံ တိုက်ခိုက် ခံရလို့ ၇ ယောက် သေဆုံးပြီး ၈ ဦး ပျောက်ဆုံး နေတယ်လို့ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ MSF က ပြောပါတယ်။

ဆီးရီးယားထဲမှာ အပစ်ရပ်ရေး စတင် ကြိုးပမ်းဖို့ ရုရှားနဲ့ နိုင်ငံကြီးတွေ သဘောတူခဲ့ပြီး ရက်ပိုင်း အကြာမှာပဲ အခုလို တိုက်ခိုက်မှုတွေ ပေါ်ပေါက် ခဲ့တာပါ။

၅ နှစ်နီးပါး ကြာလာတဲ့ ဆီးရီးယား စစ်ပွဲတွေကြောင့် ခုချိန်အထိ လူပေါင်း နှစ်သိန်းခွဲကျော် သေဆုံး ခဲ့ရပြီး၊ ၁၁ သန်းကျော် နေရပ် စွန့်ခွာ ခဲ့ကြရပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ