ဟီလာရီနဲ့ ထရမ့် အောင်ပွဲ အသီးသီးခံ

  • 21 ဖေဖော်ဝါရီ 2016
illary_clinton_bill_clinton_nevada ဓာတ်ပုံ မူပိုင် Reuters
Image caption မစ္စစ် ကလင်တန် ဟာ နဗါးဒါး ကော့ကပ်စ် မဲ အားလုံးရဲ့ ၅၂ % ကို ရ။

လာမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲ မှာ အဓိက ပါတီ ကြီးတွေ ဖြစ်တဲ့ ရီပတ်ဘလေကဲန် နဲ့ ဒီမိုကရက် ပါတီ တွေ ကို ကိုယ်စားပြုတဲ့ သမ္မတလောင်း ဖြစ်လာ နိုင်ဖို့ အပြိုင် ကြိုးစား နေသူ တွေ အတွက် ပြည်နယ် တစ်ခု ချင်းစီ အလိုက် ရွေးကောက် ခံ နေကြပါတယ်။

နဗားဒါး ပြည်နယ် မှာ ဒီမိုကရက် ပါတီ အတွက် ကော့ကပ်စ်၊ တောင်ကာရိုလိုင်းနား ပြည်နယ် မှာ ရီပတ်ဘလေကဲန် အတွက် ပရိုင်မာရီ ရွေးကောက်ပွဲ တွေ အသီးသီး ကျင်း ပခဲ့ ကြပါတယ်။

နဗားဒါး ပြည်နယ် ကော့ကပ်စ် မှာ ဟီလာရီ ကလင်တန် အနိုင် ရ သွားပါတယ်။

မစ္စစ် ကလင်တန် ဟာ မဲ အားလုံးရဲ့ ၅၂ % ကို ရပြီး၊ ပြိုင်ဘက် ဘာနီ ဆဲန်ဒါစ် ကတော့ ၄၈ % ရခဲ့ ပါတယ်။

နဗားဒါး ပြည်နယ် ထဲက စပိန် စကား ပြော လက်တင် အမေရိက အနွယ် တွေ အပါအဝင် တခြား လူနည်းစု တွေ ကြားထဲ မှာ မစ္စစ် ကလင်တန် ဟာ ရေပန်းစား တာ ကြောင့် မဲ အပြတ်အသတ် နဲ့ နိုင်ဖို့ မျှော်လင့် ခဲ့ကြတာ ဖြစ်ပါတယ်။

တောင်ကာရိုလိုင်းနား ပြည်နယ် ရီပတ်ဘလေကဲန် ပါတီ အတွက် ပရိုင်မရီ မှာတော့ ဒေါ်နယ်ထရမ့် အနိုင်ရသွားပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ