အီးယူထဲ ယူကေဆက်နေဖို့ ဝန်ကြီးချုပ် တိုက်တွန်းနေ

  • 20 ဖေဖော်ဝါရီ 2016
david_cameron_ ဓာတ်ပုံ မူပိုင် Reuters
Image caption ဇွန်လ ၂၃ ရက်နေ့ မှာ အီးယူထဲ ဆက်နေ မနေ ဆုံးဖြတ်ဖို့ ဗြိတိန် မှာ ဆန္ဒခံယူပွဲ ကျင်းပမယ်။

ဗြိတိန် နိုင်ငံသား တွေ အနေနဲ့ ဘဝတစ်သက်တာ မှာ အရေးကြီးဆုံး ဆုံးဖြတ်ချက် တွေ ထဲ တစ်ခု အပါအဝင် ဖြစ်လာ စေမယ့် ဥရောပ သမဂ္ဂ အဖွဲ့ အီးယူ ထဲ ဆက်ပြီး နေမလား၊ လမ်းခွဲမလား ဆိုတာ ကို ဆုံးဖြတ် ကြရမှာ ဖြစ်တယ် လို့ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန် က ပြောပါတယ်။

လာမယ့် ဇွန်လ ၂၃ ရက်နေ့ မှာ အီးယူထဲ ဆက်နေ မနေ ဆုံးဖြတ်ဖို့ ဗြိတိန် မှာ ဆန္ဒခံယူပွဲ ကျင်းပမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် ကင်မရွန် ကြေညာ ထားပါတယ်။

အီးယူ နဲ့ ဗြိတိန် တို့ရဲ့ အနာဂတ် ဆက်ဆံရေး အကြောင်း ဆွေးနွေး ညှိနှိုင်း ခဲ့ကြတဲ့ ဘရပ်ဆဲလ် ထိပ်သီး အစည်းအဝေး ကို မချစ် လှပေမယ့် ထွက်လာတဲ့ ရလာဒ် တွေ အရဆိုရင် အီးယူထဲ ဆက်နေရင် ဗြိတိန် အတွက် ပိုပြီး လုံခြုံမယ်၊ တောင့်တင်း ခိုင်မာမယ်၊ ပိုပြီး ကြွယ်ဝ နိုင်မယ် လို့ ယုံကြည် တယ် ဆိုပြီး မစ္စတာ ကင်မရွန် က ဆိုပါတယ်။

ဒါပေမယ့် ဘရပ်ဆဲလ်စ် ဆွေနွေးပွဲ ရဲ့ အဖြေဟာ ဗြိတိန် ရဲ့ သီးသန့် အချုပ်အာဏာ ကို ပြန်လည် ထူထောင်ဖို့ မလုံလောက် ဘူး လို့ ရှုမြင် နေကြတဲ့ ဒေးဗစ် ကင်မရွန် အစိုးရ အဖွဲ့ ဝင် ဝန်ကြီး တချို့ ကတော့ ဆန္ဒခံယူ ပွဲ ကျရင် အီးယူထဲ ဆက်မနေရေး ဘက်က မဲထည့်ကြဖို့ ဆော်ဩ လှုံ့ဆော် လာနိုင် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ