ကျူးဘားကို ထွက်မယ့်ခရီးစဉ်ဟာ သမိုင်း စာမျက်နှာသစ်လို့ သမ္မတအိုဘားမား ပြော

  • 20 ဖေဖော်ဝါရီ 2016
_sp_obama_cuba ဓာတ်ပုံ မူပိုင် Getty
Image caption ကျူးဘား အစိုးရ ကို ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး ဆိုင်ရာ အကြောင်းချင်းရာ တွေကို ပွင့်ပွင့်လင်းလင်း ပြောမယ်။

အမေရိကန် သမ္မတ အိုဘားမားဟာ ဇနီးသည် မီရှဲ နဲ့ အတူ ရှေ့လထဲမှာ ကျူးဘား နိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

နှစ်နိုင်ငံ အစိုးရ တွေ အကြား ဆက်ဆံရေး ရဲ့ စာမျက်နှာ သစ် ဖွင့်နိုင်မယ့် ခရီးစဉ် ဖြစ်လာလိမ့်မယ် လို့ သမ္မတ အိုဘားမား က ပြောပါတယ်။

သူ့ရဲ့ ခရီးစဉ် အတွင်း ကျူးဘား အစိုးရ ကို ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး ဆိုင်ရာ အကြောင်းချင်းရာ တွေကို ပွင့်ပွင့်လင်းလင်း ပြောမယ် ဆိုပြီးတော့လည်း သမ္မတ အိုဘားမား က အပတ်စဉ် သမ္မတ မိန့်ခွန်း ထဲမှာ ကတိ ပြု ပါတယ်။

အမေရိကန် နဲ့ ကျူးဘား နှစ်နိုင်ငံကြား ရာစာနှစ် ထက်ဝက် ကျော် ဆက်ဆံရေး တင်းမာ နေခဲ့ရာ ကနေ ပြီးခဲ့နှစ် ဇူလိုင် လ တုန်း ကမှ သံတမန် အဆက်အသွယ် ပြန်လည် ထားရှိ လာတာ ဖြစ်ပါတယ်။

သမ္မတ အိုဘားမား ရဲ့ ကျူးဘား ခရီးစဉ် ဟာ နှစ်ပေါင်း ၉၀ နီးပါး အတွင်း အမေရိကန် သမ္မတ တစ်ယောက် ကျူးဘား ကို သွားရောက် မှာ ဖြစ်ပါတယ်။

တခါ၊ လာမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲ မှာ အဓိက ပါတီ ကြီးတွေ ဖြစ်တဲ့ ရီပတ်ဘလေကဲန် နဲ့ ဒီမိုကရက် ပါတီ တွေ ကို ကိုယ်စားပြုတဲ့ သမ္မတလောင်း ဖြစ်လာ နိုင်ဖို့ အပြိုင် ကြိုးစား နေသူ တွေ အတွက် ပြည်နယ် တစ်ခု ချင်းစီ အလိုက် ရွေးကောက် ခံ နေကြတာ မှာ၊ အခု တခါမှာ တော့ ရီပတ်ဘလေကဲန် ပါတီ အတွက် တောင်ကာရိုလိုင်းနား ပြည်နယ် ပရိုင်မာရီ ရွေးကောက်ပွဲ နဲ့ ဒီမိုကရက် ပါတီ အတွက် နဗားဒါး ပြည်နယ် ကောကပ်စ် ပွဲတွေ ကျင်းပ နေပြီ ဖြစ်ပါတယ်။

ရီပတ်ဘလေကဲန် က ဆိုရင် ဒေါ်နယ်ထရမ့် နဲ့ တက်ဒ် ခရုဇ် တို့ အကြိတ်အနယ် ရှိနိုင်ပြီး၊ ဒီမိုကရက် ပါတီ ကို ကြည့်ပြန်ရင်လည်း ဟစ်လာရီ ကလင်တန် သေချာ ပေါက် နိုင် နိုင်တယ်လို့ ယူဆထားကြတဲ့ နဗားဒါးမှာ ဘာနီ ဆဲန်ဒါးစ် ရဲ့ အကြီးအကျယ် စိန်ခေါ်မှု တွေ ကြုံ နေရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ