ဟာရီယားနား ပြည်နယ် ဆန္ဒပြသမားတွေ ပိတ်ဆို့မှုကြောင့် ဒေလီမှာ ရေပြတ်လပ်

  • 21 ဖေဖော်ဝါရီ 2016
india_haryan ဓာတ်ပုံ မူပိုင် indiaharyan
Image caption ဂျာ့ဒ် ဆန္ဒပြသမားတွေ အုံကြွ ပိတ်ဆို့ လာမှု ဟာ အိမ်နီးချင်း ဒေလီ မြို့တော် ရဲ့ သောက်သုံးရေ ရရှိမှု အပေါ် အကြီးအကျယ် ထိခိုက် စေပါတယ်။

အိန္ဒိယ နိုင်ငံ ဒေလီ မြို့တော် ရဲ့ ပတ်ချာလည် မှာ တည်ရှိတဲ့ ဟာရီယားနား ပြည်နယ် က ဇာတ်မြင့် ဂျာ့ဒ် မျိုးနွယ် ဆန္ဒ ပြသမား တွေဟာ အဝေးပြေး လမ်းမ တွေ ကို ပိတ်ဆို့ ထားတာ ကနေ တစိတ်တပိုင်း ဖယ်ရှား ပေးလိုက် ကြ ပါတယ်။

အစိုးရ အလုပ်အကိုင်နဲ့ ပညာရေး နယ်ပယ် တွေမှာ ဇာတ်နိမ့် တွေ အတွက် အနည်းဆုံး ဘယ်နှစ်နေရာ ပေးရမယ် ဆိုတဲ့ အစိုးရရဲ့ ဥပဒေ ဟာ ဇာတ်မြင့် တွေ အတွက် နစ်နာ စေတယ် ဆိုပြီး မကျေနပ်ကြတဲ့ ဂျာ့ဒ် မျိုးနွယ်စု ဝင် တွေ ဆန္ဒပြ နေကြတာ ဖြစ်ပါတယ်။

အခုတော့ ဟာရီယားနား ပြည်နယ် ဝန်ကြီး ချုပ်က ဂျာ့ဒ် မျိုးနွယ် တွေ တောင်းဆို သလို သူတို့ကို လည်း အချိုးကျ ကိုတာစံနစ် သတ်မှတ် ပေးဖို့ ဥပေဒ ပြဌာန်း ပေးမယ် လို့ ဆိုလာ တဲ့ နောက် အခုလို အဝေးပြေး လမ်းမတွေ ကို ပိတ်ထားတာ ကနေ နေရာ တချို့ မှာ ဖယ်ရှား ပေး လာတာ ဖြစ်ပါတယ်။

ဂျာ့ဒ် ဆန္ဒပြသမားတွေ အုံကြွ ပိတ်ဆို့ လာမှု ဟာ အိမ်နီးချင်း ဒေလီ မြို့တော် ရဲ့ သောက်သုံးရေ ရရှိမှု အပေါ် အကြီးအကျယ် ထိခိုက် စေပါတယ်။

ဒေလီ မြို့တော် ကို သွားတဲ့ ရေသန့် စက်ရုံ တွေ ပျက်စီးပြီး၊ ရေသွယ် မြောင်းတွေလည်း ပိတ် ကုန် တဲ့ အတွက် ဖေဖေါ်ဝါရီ ၂၂ ရက်၊ တနင်္လာနေ့ မှာ ဆိုရင် ဒေလီ မှာ ကျောင်းတွေ အားလုံး ပိတ် ထားရပါမယ်။

ဟာရီယားနား ပြည်နယ်တွင်း လတ်တလော ဖြစ်ပေါ် ခဲ့တဲ့ အုံကြွမှု အတွင်း ဂျာ့ဒ် မျိုးနွယ်စု ဘက်က အများစု ဖြစ်တဲ့ လူပေါင်း ၁၂ ဦး အသက် ဆုံးရှုံး ခဲ့ရပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ