အိန္ဒိယမှာ ဆန္ဒပြမှုတွေကြောင့် ရေပြတ်လပ်

  • 21 ဖေဖော်ဝါရီ 2016
India ဓာတ်ပုံ မူပိုင် BBC Hindi
Image caption အကြမ်းဖက်ဆန္ဒပြမှုတွေ ဆက်လက် ဖြစ်ပွားနေ

အိန္ဒိယနိုင်ငံမှာ ဇာတ်နိမ့်ဇာတ်မြင့်အခွင့်အရေးနဲ့ပတ်သက်ပြီး ဆန္ဒပြသမားတွေက ဒေလီမြို့တော် ရေပေးဝေရေးစနစ်ကို ဖြတ်တောက်ခဲ့လို့ ရေပြတ်လတ်မှုတွေ ကြုံနေရပါတယ်။

ဒေလီနဲ့ ကပ်လျက် ပြည်နယ်ဖြစ်တဲ့ ဟာရီယားနားမှာ ဇာတ်မြင့်အမျိုးအနွယ်ဖြစ်တဲ့ ဂျာ့ တွေက မူနက်တူးမြောင်းထဲက ရေပေးဝေရေးပစ္စည်းတွေကို ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒေလီမှာ အာဏာပိုင်တွေက ရေကို အကန့်အသတ်နဲ့ပဲ ခွဲဝေပေးနေရပါတယ်။

ဂျာ့ လူမျိုးတွေက အလုပ်အကိုင်အခွင့်အလမ်း ခွဲတမ်းအပါအဝင် အခွင့်အရေးတွေတောင်းဆိုနေကြတာဖြစ်ပြီး ယမူနာ နာဂါမြို့မှာဆိုရင်လည်း ဆန္ဒပြ ကြွေးကြော်မှုတွေ လုပ်ခဲ့ပါတယ်။

တချို့နေရာတွေမှာတော့ အဝေးပြေးလမ်းမတွေကို ပိတ်ဆို့တာ၊ ဓာတ်ဆီဆိုင်တွေကို ပိတ်တာနဲ့ ယာဉ်တွေကို မီးရှို့တာတွေလည်း လုပ်ကြပါတယ်။

အခုအခါ ဟာရီးယားနားပြည်နယ်မှာ တပ်သားနဲ့ ပြည်သူ့စစ် အင်အား ၁ သောင်းလောက် ချထားတယ်လို့ အိန္ဒိယ အာဏာပိုင်တွေက ပြောပါတယ်။

ဒီအဓိကရုဏ်းတွေကြောင့် လူ ၁၀ ဦး ဆုံးသေခဲ့ရပြီးပါပြီ။

ညမထွက်ရ အမိန့်ထားတဲ့ မြို့ ၁၀ မြို့ထဲမှာ ရိုတက်ဆိုတဲ့ မြို့မှာတော့ အခြေအနေက ဆိုးရွားနေပြီး လုယက်နေတဲ့ လူအုပ်ကို တားဆီးမဲ့သူလည်း မရှိ ဖြစ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။