ဆီးရီးယား အပစ်ရပ်မှု သီတင်းပတ် အကုန်မှာ စမယ်

  • 22 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ဆီးရီးယား အစိုးရတပ်တွေ အလက်ပို မြို့တဝိုက်မှာ အသာစီး ရလာခဲ့ပြီးနောက် ခုလို အပစ်ရပ်မယ့် သတင်း ထွက်ပေါ်လာ။

ဆီးရီးယား နိုင်ငံအတွင်း အပစ်ရပ်မှု စတင်မယ့် အချိန်အဖြစ် လာမယ့် ဖေဖော်ဝါရီ ၂၇ ရက်၊ သန်းခေါင်ယံ အချိန်ကို သတ်မှတ်ဖို့ အမေရိကန်နဲ့ ရုရှားတို့ သဘောတူ ခဲ့ကြတယ်လို့ အစီအစဉ် မူကြမ်း တစ်ခု အရ သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် အကုန်က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီနဲ့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးတို့ တွေ့ဆုံခဲ့ပြီးနောက် အခုလို အချိန် သတ်မှတ်ချက်နဲ့ ပတ်သက်တဲ့ သတင်း ထွက်ပေါ် လာတာပါ။

ဖေဖော်ဝါရီ ၁၂ ရက်နေ့ တုန်းကတော့ ကမ္ဘာ့ ခေါင်းဆောင်တွေက ဆီးရီးယားမှာ တစ်ပတ်အတွင်း အပစ်ရပ်ဖို့ သဘောတူ ခဲ့ကြသေးပေမယ့် အကောင်အထည် မပေါ်ခဲ့ပါဘူး။

အဲဒီနောက်ပိုင်း ဆီးရီးယားမှာ တိုက်ခိုက်မှုတွေ အခုချိန်အထိ ပြင်းထန်နေခဲ့ပြီး၊ တနင်္ဂနွေနေ့ကလည်း လူ ၁၄၀ သေဆုံးခဲ့တဲ့ ဗုံးခွဲ တိုက်ခိုက်မှုတွေ ဟုမ်းစ်မြို့နဲ့ ဒမတ်စကတ် မြို့တွေမှာ ဖြစ်ပွား ခဲ့ပါတယ်။

ဆီးရီးယား တိုက်ပွဲတွေကြောင့် လူ နှစ်သိန်းခွဲကျော် သေဆုံးခဲ့ရပြီး၊ ပြည်ပကို ထွက်ပြေးသူ ၄ သန်း အပါအဝင် နေရပ် စွန့်ခွာသူ ၁၁ သန်းကျော် ရှိခဲ့ပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ