ဒေလီမှာ ရေပေးဝေမှု တချို့တဝက် ပြန်လုပ်နိုင်

  • 23 ဖေဖော်ဝါရီ 2016

အိန္ဒိယ နိုင်ငံမှာ ဂျာ့ဒ် မျိုးနွယ် ဆန္ဒပြသူတွေကြောင့် မြို့တော် ဒေလီ အတွက် အဓိက ရေအရင်းအမြစ် ဖြစ်တဲ့ တူးမြောင်း ပျက်စီးခဲ့လို့ လူ ၁၀ သန်းလောက် သောက်သုံးရေ ပြတ်လပ် ခဲ့ပြီးနောက် အခုတော့ ရေဖြန့်ဖြူးမှုတွေကို တချို့တဝက် ပြန်လည် လုပ်ဆောင်နိုင်ပြီ ဖြစ်ပါတယ်။

မျိုးနွယ် ဇာတ်အရ အလုပ်နေရာ ခွဲတမ်းချရာမှာ ဇာတ်မြင့် ဖြစ်တဲ့ ဂျာ့ဒ်တွေက နစ်နာမှု ရှိတယ် ဆိုပြီး အုံကြွ ဆန္ဒပြခဲ့ကြ ရာကနေ ရေဖြန့်ဖြူးတဲ့ မြူးနက် တူးမြောင်းကို သိမ်းပိုက် ဖျက်ဆီးခဲ့တာ ဖြစ်ပြီး တနင်္လာနေ့ မှာတော့ စစ်တပ်က ပြန်လည် သိမ်းပိုက်ခဲ့ပါတယ်။

ရေပေးဝေမှုတွေ အရင်လို ပြန်ဖြစ်ဖို့က သီတင်း နှစ်ပတ်လောက်အထိ ကြာနိုင်တယ်လို့ ဒေလီ အာဏာပိုင်တွေက ပြောပါတယ်။

ဒီအကျပ်အတည်းတွေ အတွင်း ပိတ်ထားခဲ့ရတဲ့ စာသင်ကျောင်းတွေကိုတော့ ဒီကနေ့ အင်္ဂါနေ့မှာ ပြန်ဖွင့်ခဲ့ပါတယ်။

ဒေလီမြို့မှာ နေထိုင်သူ ၁၆ သန်း ရှိပြီး ဒေလီရဲ့ ရေသုံးစွဲမှု ငါးပုံ သုံးပုံလောက်ကို ဟာယာနား ပြည်နယ်ထဲက မြူးနက် တူးမြောင်းက ထောက်ပံ့ ပေးနေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ