ဆီးရီးယား အပစ်ရပ်ရေး၊ အစိုးရနဲ့ သူပုန်တွေ လက်ခံ

  • 23 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption ငါးနှစ် နီးပါး ကြာလာတဲ့ ဆီးရီးယား စစ်ပွဲတွေအတွင်း လူ နှစ်သိန်းခွဲကျော် သေဆုံးခဲ့။

ဆီးရီးယားမှာ လာမယ့် စနေနေ့က စပြီး ပစ်ခတ်မှုတွေ ရပ်မယ့် အစီအစဉ်ကို လက်ခံတယ်လို့ ဆီးရီးယား အစိုးရနဲ့ အတိုက်အခံ သူပုန်အဖွဲ့ နှစ်ဘက်စလုံးက ပြောပါတယ်။

အမေရိကန်နဲ့ ရုရှားတို့ ကြေညာခဲ့တဲ့ အပစ်ရပ်ရေး အစီအစဉ်နဲ့ အညီ တိုက်ပွဲတွေ ရပ်ဆိုင်းမယ်လို့ ဆီးရီးယား အစိုးရက ပြောပါတယ်။

ဒါပေမယ့် အတိုက်အခံတွေ ကတော့ အပစ်ရပ် အစီအစဉ်ကို လက်ခံဖို့ အစိုးရ ထိုးစစ်တွေနဲ့ အရပ်သားတွေအပေါ် ဗုံးကြဲတာတွေ ရပ်ဖို့ လိုတယ်လို့ ပြောပါတယ်။

အဲဒီ အပစ်ရပ် အစီအစဉ်မှာ ဆီးရီးယားထဲက ဂျီဟတ် အစွန်းရောက် အဖွဲ့ နှစ်ခု ဖြစ်တဲ့ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့နဲ့ အယ်ခိုင်ဒါ အဖွဲ့ခွဲ al-Nusra Front တို့ အပေါ် တိုက်ခိုက်မှုတွေကိုတော့ သက်ရောက်မှာ မဟုတ်ပါဘူး။

ငါးနှစ် နီးပါး ကြာခဲ့တဲ့ ဆီးရီးယား တိုက်ပွဲတွေကြောင့် လူ နှစ်သိန်းခွဲကျော် သေဆုံးခဲ့ပြီး ဖြစ်ကာ လူ ၁၁ သန်းလောက် နေရပ် စွန့်ခွာ ခဲ့ကြပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ