ရွှေ့ပြောင်းသူ အရေအတွက် လျှော့ချနိုင်မှ အီးယူအဖွဲ့ တည်တံ့မယ်လို့ ဘော်လ်ကန်နိုင်ငံတွေ ဆို

  • 24 ဖေဖော်ဝါရီ 2016
australia_migrant_baby_
Image caption စာရွက်စာတမ်း အတု တွေ သုံးပြီး ဝင်လာသူတွေ ကို အဝင်မခံပဲ ပြန်လွှတ်မယ်။

ဥရောပ ထဲ လူတွေ ရွှေ့ပြောင်း ၀င်ရောက် နေတဲ့ အကြပ်အတည်း နဲ့ ပတ်သက်လို့ ဩစတြီးယား နိုင်ငံ မြို့တော် ဗီယာနာ မှာ ဆွေးနွေး ခဲ့ ကြ ပါတယ်။

အဲဒီ့ ဆွေးနွေးပွဲ အပြီး မှာတော့ ဩစတြီးယား နဲ့ ဘော်လ်ကန် ဒေသ နိုင်ငံ တွေ က သူတို့ နိုင်ငံ တွေထဲ ဖြတ်သန်း သွား နေတဲ့ ရွှေ့ပြောင်းသူ အရေအတွက် ကို သိသိသာသာ လျှော့ချ နိုင်ရေး အတွက် လုပ်ဆောင် ကြဖို့ ကျန် ဥရောပ သမဂ္ဂ အီးယူ အဖွဲ့ဝင် နိုင်ငံ တွေကို တိုက်တွန်း လိုက်ပါတယ်။

အီးယူ အဖွဲ့ မပြိုမကွဲ ဆက်လက် တည်ရှိနိုင်ဖို့ ဆိုရင် ဒီ အရေး ကိစ္စ ကို ဆောင်ရွက်မှ ဖြစ်မယ် လို့ ဩစတြီးယား ပြည်ထဲရေး ဝန်ကြီး ယိုဟာနာ မီခဲလ်-လိုက်တနာ က ပြောပါတယ်။

တခြား အီးယူ အဖွဲ့ဝင် နိုင်ငံ တွေ ပိုပြီး စုံစုံလင်လင် ပါဝင်မယ့် အစည်းအဝေး လည်း ကြာသာပေတေး နေ့ မှာ ဆက်လက် ရှိနေပါတယ်။

ဥရောပ ထဲ ဝင်ရောက် လာသူတွေ အားလုံး ဆီက လက်ဗွေရာ ယူဖို့ နဲ့ အထောက်အထား ခိုင်ခိုင် လုံလုံ စာရွက် စာတမ်း မရှိသူတွေ ဒါမှမဟုတ် စာရွက်စာတမ်း အတု တွေ သုံးပြီး ဝင်လာသူတွေ ကို အဝင်မခံပဲ ပြန်လွှတ်ဖို့ စတဲ့ အချက် တွေကို ဂရိ နိုင်ငံ က တဆင့် ရွှေ့ပြောင်းသူတွေ လာနေကြတဲ့ လမ်းကြောင်း တလျှောက်က နိုင်ငံ တွေ က ကြာသာပတေးနေ့ အစည်းအဝေး မှာ တင်ပြကြမှာ ဖြစ်ပါတယ်။

ဒီ အချိန်မှာပဲ၊ ဟန်ဂေရီ နိုင်ငံ အနေနဲ့ ရွှေ့ပြောင်း ဝင်ရောက်သူ တွေကို အချိုးကျ ကိုတာ စံနစ် နဲ့ ခွဲဝေ လက်ခံရေး ဆိုတဲ့ အီးယူ အဖွဲ့ရဲ့ အစီအမံ ထဲမှာ ပါဝင် မှာလား ဆိုတာ ကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်း ပပြီး ဆုံးဖြတ်မှာ ဖြစ်တယ် လို့ ဟန်ဂေရီ အစိုးရ က ဘီဘီစီ ကို အတည်ပြု ပြောပါတယ်။

ဆန္ဒ ခံယူပွဲ ကို ဟန်ဂေရီ ပါလီမန် ရဲ့ အတည်ပြုချက် ရယူပြီး အခုနှစ် နှောင်းပိုင်း မှာ ကျင်းပ လာဖို့ မျှော်လင့်ရ ပါတယ်။

တခါ၊ ဘယ်လ်ဂျီယမ် နိုင်ငံ ကလည်း ပြင်သစ်နဲ့ နယ်စပ် ဝင်ပေါက် တွေ ကို ပြီးခဲ့တဲ့ တနင်္လာနေ့ က စပြီး ပြန်လည် တင်းကြပ် လာပြီး ကတည်းက ပြင်သစ် ကနေ ဝင်လာတဲ့ ရွှေ့ပြောင်းသူ အယောက် ၈၀ ကို ပြန်လည် စေလွှတ်ခဲ့ပြီး ဖြစ်တယ် လို့ ဆိုပါတယ်။

အဲဒီ့ ရွှေ့ပြောင်းသူတွေ ဟာ ကာလေ ဆိုတဲ့ ပြင်သစ် မြို့ကနေ လာသူတွေ ဖြစ်တယ်လို့ ယူဆ ရတယ် ဆိုပြီး ဘယ်လ်ဂျီယမ် ရဲတပ်ဖွဲ့က ပြောပါတယ်။

ကာလေ မြို့ မှာ ဆိုရင် ဗြိတိန် နိုင်ငံထဲ ဝင်ရောက် ဖို့ အတွက် ကုန်တင် လော်ရီ ကားကြီး တွေ ထဲ ပုန်းခို လိုက်ပါ နိုင်တဲ့ အခွင့်အရေး ရအောင် လေဟာပြင်မှာ ယာယီ တဲ တွေ ထိုးရင်း စောင့်ဆိုင်းနေကြတဲ့ ရွှေ့ပြောင်း ဝင်ရောက်သူ တွေ ရှိနေပါတယ်။

အဲဒီ့ ယာယီ တဲ စခန်းတွေ ကို ဖျက်ပစ်မယ် ဆိုပြီး ပြင်သစ် အာဏာပိုင်တွေ က ကြေညာ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ